လုပ်ငန်းသုံး ဘက်စုံသုံး အတွက်ခပ်ကြမ်းကြမ်း သုံးချင်သူများ အတွက် Acer ရဲ့ Commercial series

လုပ်ငန်းသုံးနဲ့ ဘက်စုံသုံး အတွက် Acer ရဲ့ Extensa series လေးကို Recommend ပေးချင်ပါတယ်။ ဒီ series မှာ Acer က Extensa 15 နဲ့ Extensa 15G ဆိုပြီးတော့ Model နှစ်မျိုးနဲ့လာပါတယ်။ စျေးနှုန်းသက်သာ တဲ့ Extensa 15 မှာ CPU ကတော့ Core i3 ကိုမှ 11th Gen သုံးထားပြီး Dedicated RAM ကတော့ 4GB အထိပါဝင်ပါတယ်။ ဒါပေမဲ့ RAM ကို 16GB အထိ ထပ်တိုးလို့ရအောင် Slot တစ်ခုလည်း အပိုထပ်ပါပါတယ်။သူ့မှာ Office work တွေအတွက် Productivity ပိုင်းအတွက် Storage မှာ PCIE 256 GB SSD ပါဝင်ပါတယ်။

Extensa 15G က နောက်ဆုံးပေါ် core i7 12th Gen ကိုသုံးပေးထားတဲ့အတွက် Extensa 15 ထက်ပိုပြီး Performance လိုချင်တဲ့ သူတွေအတွက် ရွေးချယ်စရာတစ်ခုပါ။ Graphic ပိုင်းကလည်း Nvidia Geforce MX 550 အပြင် Dedicated RAM ကလည်း 2GB ပါဝင်ပါတယ်။ အဲ့တော့ Workload ပိုင်းမှာ အများကြီးပိုမိုစွမ်းဆောင်နိုင်ပြီး Graphic အသားပေးလုပ်ငန်းတွေအတွက်လည်းပိုမိုထိရောက်ပါတယ်။

RAM ကိုတော့ Slot အပိုပါဝင်တဲ့အတွက် 16GB အထိထပ်တိုးလို့ရနိုင်ပါတယ်။

Storage ကိုလည်း NVMe 512GB SSD ကိုသုံးထားတဲ့အတွက် Storage များများ ဆန့်ပြီး ပိုမိုမြန်ဆန်စွာသုံးနိုင်မှာပါ။ Operating System ကတော့ Extensa 15G Model မှာ Window 11 built-in ပါဝင်ပြီးသားပါ။ Commercial series တွေရဲ့ အားသာချက်က OS driver နဲ့ပတ်သက်ပြီး ခေါင်းရှုပ်မခံချင်သူတွေအတွက် Driver တွေအားလုံးကို ပုံသေပဲလုပ်ပေးထားပါတယ်။

မော်ဒယ်နှစ်မျိုးလုံးမှာတော့ Display size ကို 15.6 သုံးပေးထားပါတယ်။ Hardware ပိုင်းအတွက် အာမခံချက် ၂ နှစ်ပေးထားတာကြောင့် User fault ကြောင့်မဟုတ်ရင် service center မှာလွယ်လွယ်ကူကူ ပဲသွားရောက်ပြုပြင်နိုင်ပါတယ်။

Acer ရဲ့ နောက်ထပ် Flagship series တစ်ခုဖြစ်တဲ့ Travel Mate series က Business laptop လိုသုံးနိုင်မဲ့ အပြင်ပိုပြီးတော့လည်းအကြမ်းခံနိုင်အောင်လုပ်ပေးထားပါတယ်။

Business သုံးအတွက် security ပိုင်းမှာ TPM 2.0 နည်းပညာက Hardware ပိုင်းကို security ပိုင်းမှာ ပိုမိုကောင်းမွန်အောင်ပြုလုပ်ထားတာပါ။ Data transfer ပိုင်းတွေ Operation system ရဲ့အားနည်းချက်တွေ နဲ့ အချက်အလက်သိမ်းဆည်းမှုပိုင်းမှာဖြစ်ပေါ်လာတဲ့ လုံခြုံရေးယိုပေါက်တွေကို မရှိအောင် ထိန်းသိမ်းပေးတာပဲဖြစ်ပါတယ်။ 

စျေးနှုန်းသင့်တင့်ပြီး အကြမ်းခံတဲ့ ရုံးသုံး ဘက်စုံသုံး လပ်တော့ တစ်လုံးရှာနေတဲ့လူတွေအတွက် Extensa 15 ကို Recommend ပေးပါတယ်။ Performance ပိုင်းပိုလိုချင်ပြီး Window 11 built-in ပါဝင်တာကို ကြိုက်တယ်ဆိုရင်တော့ Extensa 15G series ကအသင့်တော်ဆုံးပါပဲ။ Business Laptop တစ်လုံးကို security မြင့်မြင့်နဲ့ ဒီဇိုင်းလှလှ High end laptop တစ်လုံးရှာနေတဲ့လူတွေအတွက် Travel Mate series တွေကိုညွှန်းပေးချင်ပါတယ်။

#AcerExtensa_Series

#AcerMyanmar

Previous
Previous

အသက်မပြည့်သေးတဲ့လူငယ်တွေအတွက် Online လုံခြုံရေးအသားပေးလာတဲ့ Facebook

Next
Next

User တွေစကားနားထောင်ခဲ့တဲ့ Microsoft