Augmented Reality ကို Google Maps မှာမြင်ရပါတော့မယ်

Google အနေနဲ့ AR နည်းပညာကို သူတို့ရဲ့ Maps မှာအသုံးပြုမယ်ဆိုတာ September မှာကတည်းက ကြေငြာထားပြီးသားပါ။ ခုတော့ Los Angeles, London, New York, Paris, San Francisco နဲ့ Tokyo မြို့ကြီးတွေမှာ AR စနစ်သုံးတဲ့ Maps တွေကို အရင်အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။

ဒီစနစ်က ဘာနဲ့တူလဲဆိုတော့ အနီးစပ်ဆုံးမြင်အောင်ပြောရရင် Ready Player One ထဲကလို၊ Free Guyထဲကလိုမျိုးနဲ့တစ်ပုံစံထဲဖြစ်ပါတယ်။ အသုံးပြုသူက ဖုန်းနဲ့ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် သက်ဆိုင်ရာလမ်းတွေ၊ အဆောက်အဦးတွေက ဖုန်းထဲမှာ Pop-up Label တွေနဲ့ မြင်နေရမှာဖြစ်ပြီး၊ လမ်းညွန်တာတွေကလည်း Live View နဲ့မြင်ရမှာဖြစ်ပါတယ်။

နှစ်နဲ့ချီပြီးစုထားတဲ့ Live View Data တွေ၊ 360 Street View တွေ၊ AI နဲ့ AR တို့ကိုကောင်းကောင်းပေါင်းစပ်လိုက်တဲ့ နောက်ထပ်ခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်။ အဲ့တော့ အပြင်သွားရင်း လမ်းပျောက်သွားရင် ဖုန်းထုတ်ပြီး ပတ်ဝန်းကျင်ကို ကင်မရာနဲ့ချိန်လိုက်ရင် လမ်းညွန်ပေးပါလိမ့်မယ်။ ကောင်းတယ်ဟုတ်?

နောက်ထပ် ပါလာတဲ့ Features တွေကတော့ လျှပ်စစ်ကားတွေကို အားသွင်းလို့ရမယ့် Charging Station တွေကိုဖော်ပြပေးတာဖြစ်ပြီး၊ နောက်တစ်ခုကတော့ မသန်စွမ်းတွေအတွက် သီးသန့်အထူး ဈေးဝယ်လို့ရတဲ့ နေရာတွေကို ဖော်ပြပေးမယ့် လုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေက US, UK, AU စတဲ့နိုင်ငံတွေမှာ ရနေတာကြာပြီဖြစ်ပေမယ့် ခုတော့ Globally ထုတ်ပေးတာဖြစ်ပါတယ်။ ဒီ Update ကိုတော့ နောက်တစ်ပတ်ကနေစပြီး Android ရော၊ iOS မှာပါ သုံးလို့ရမှာပါ။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

User တွေစကားနားထောင်ခဲ့တဲ့ Microsoft

Next
Next

ပိုမြန်လာမယ့် Samsung Software Update