User တွေရဲ့ အသံကို Google assistant က record လုပ်တဲ့ကိစ္စကို Google ပြန်ရှင်း
ပြီးခဲ့တဲ့ရက်ပိုင်းက Google ဟာ user တွေရဲ့ အသံကို Google assistant က နေတဆင့် record လုပ်လေ့ရှိကြောင်းဝန်ခံခဲ့ပါတယ်။ Google assistant နဲ့ user ကြားက conversation တွေနဲ့ audio အပြင် Google assistant ကိုဖွင့်ထားခြင်းမရှိတဲ့အချိန်မှာပါ recordပြုလုပ်နေခဲ့တာလို့ Google က India အစိုးရကိုပြောကြားခဲ့တာပါ။ Google က ၎င်းတို့ရဲ့ဝန်ထမ်းတွေဟာ user နဲ့ Google assistant တို့ ရဲ့ audio recordingတွေ smartphone တွေနဲ့ smart speaker တွေကနေတဆင့် နားထောင်လေ့ရှိပြီးခုလိုလုပ်ရတာဟာ မတူညီတဲ့ ဘာသာစကားတွေရဲ့ speech တွေကိုမှတ်သားဖို့အတွက်နားထောင်ခြင်းသာဖြစ်ပြီး sensitive ဖြစ်တဲ့စကားတွေကိုတော့ record လုပ်လေ့မရှိဘူးလို့ဆိုပါတယ်။ သို့ပေမယ့်လဲ sensitive ဖြစ်တယ့်စကားလုံးတွေကို ဘယ်လိုခွဲခြားတယ်ဆိုတာကိုတော့မပြောပြတဲ့အပြင် ၂၀၁၉ခုနှစ်က Google’s language reviewerတွေဟာ Belgium သတင်းငှာနတစ်ခုကို လျှို့ဝှက် audio file တွေကို leak ခဲ့တဲ့ ပြဿနာရှိခဲ့ဖူးပါတယ်။
Google ကပြန်လည်ရှင်းလင်းထားတာကတော့i Google Assistantဟာ user က “Hey Google”ဆိုတဲ့ wake up word ပြောမယ့်အချိန်ကို detect လုပ်ပြီး stand by mode အနေနဲ့စောင့်နေတာသာဖြစ်တယ်လို့ဆိုပါတယ်။ဒီ stand by mode မှာ assistantဟာ အသံအပိုင်းအစလေးတွေကို recordလုပ်ကာ process လုပ်နေမှာဖြစ်ပြီး user က “Hey Google” လို့ပြောပြီး activate မလုပ်ခဲ့ရင် Google ဆီကိုပြန်မပို့ပဲ ထို recordတွေကိုဖျက်ပစ်တယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် ဒီ record တွေဟာ user က activate မလုပ်ခင်အချိန် စက္ကန့်ပိုင်းကနေစပြီး ပါဝင်နိုင်ပြီး user ရဲ့ requestကိုအချိန်ကိုက် ဖမ်းယူနိုင်ဖို့အတွက်လို့ Google ကအကြောင်းပြထားပါတယ်။ ဒါပေမယ့်လဲ ခုလိုနားထောင်နေတာကို ဘယ်သူကမှတော့လုံခြုံတယ်လို့ခံစားရှမှာမဟုတ်ပါဘူး။