4nm Samsung node ပေါ်မှာအခြေခံပြီးတည်ဆောက်သွားမဲ့ Snapdragon 895 နဲ့ 4nm TSMC node ပေါ်မှာအခြေခံပြီးတည်ဆောက်သွားမဲ့ 895 +
Snapdragon 865 ကို TSMC ရဲ့ N7P process ( second generation 7nm ) ပေါ်မှာအခြေခံပြီးတည်ဆောက်ထားပါတယ်။ဒါပေမဲ့ Qualcomm က snapdragon 888+ ကိုထုတ်လုပ်တဲ့အခါမှာတော့ Samsung ရဲ့5nm LPE process ပေါ်မှာအခြေခံပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ Cortex-X1 ကို clock speed 2.84 GHz ကနေ 2.995 GHz အထိရရှိနိုင်ပြီး Neural Processor Unit speed ကိုတော့ 26 TOPS ကနေ 32 TOPS အထိရရှိနိုင်မှာပဲဖြစ်ပါတယ်။
Ice Universe ရဲ့အဆိုအရဒီနှစ်မှာတော့ Snapdragon 895 ကိုတော့ Samsung ရဲ့ 4nm node ပေါ်မှာအခြေခံပြီး, Snapdragon 895+ မော်ဒယ်ကိုတော့ TSMC ရဲ့ 4nm ပေါ်မှာအခြေခံပြီးထုတ်လုပ်သွားဖို့ရှိတယ်လို့ဆိုပါတယ်။ နှစ်ခုလုံးဟာ 5nm nodes ပေါ်မှာအခြေခံထားတဲ့ CPU တွေထက်နဲနဲလေးပိုကောင်းအောင်ပြုလုပ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့ Processor အသစ်တွေအတွက် Performance နဲ့ Power saving ကောင်းကွက်တွေကတော့ မကြေငြာရသေးပါဘူး။
895 နဲ့ 895+ တို့ထွက်လာမဲ့အချိန်တွေကတော့ 888 နဲ့ 888+ တို့ထွက်လာတဲ့အချိန်နဲ့အတူတူလောက်ပဲဖြစ်ပြီး chipset အတွက်လျှပ်ကူးပစ္စည်းမလုံးလောက်မှုပြဿနာကတော့ပြေလည်သွားဖို့မျှော်လင့်ရပါတယ်။
TSMC ရဲ့ 5nm supply တွေကိုမနှစ်က Apple က Apple A14 နဲ့ M1 chipset တွေအတွက်ဝယ်ယူလိုက်တာကြောင့် Qualcomm အတွက်တော်တော်အခက်တွေ့ခဲ့ရပါတယ်။ Samsung ကတော့ ကိုယ်ပိုင် 4nm ကိုအသုံးပြုပြီး Exynos 2200 ကိုထုတ်လုပ်ဖို့ရှိပြီးဒါဟာ AMD ရဲ့ RDNA 2 GPU ကိုအသုံးပြုထားတဲ့ပထမဆုံး chipset ဖြစ်လာမှာပါ။