Reverse wireless charging လုပ်ဆောင်ချက်ပါဝင်မဲ့ 99 ဒေါ်လာနဲ့တန် Apple ရဲ့ Magsafe battery pack

မနေ့က Apple က accessory အသစ်တစ်ခုနဲ့ Surprise တိုက်လိုက်ပါတယ်။ နောက်ဆုံးထွက် iPhone 12 line up အတွက် Magsafe support လုပ်တဲ့ battery pack ကို သူတို့ရဲ့ Website ပေါ်မှာ Preorder မှာယူနိုင်ပြီပဲဖြစ်ပါတယ်။ ဒါ ဟာသံလိုက်အသုံးပြုပြီးတော့အားသွင်းနိုင်တဲ့ Battery pack ကိုပထမဆုံးထုတ်လုပ်ခဲ့တာမဟုတ်ပါဘူး။ Anker က iPhone 12 line up တွေအတွက် 5000mAh battery ပါဝင်တဲ့ Magsafe battery pack ကို 45.99 ဒေါ်လာနဲ့ရောင်းချခဲ့ပြီး အားသွင်းနှုန်းကတော့ 5W ရှိပါတယ်။

အခု Apple ကထုတ်လုပ်လိုက်တဲ့ Magsafe Battery Pack ကတော့ သူ့ကိုအားသွင်းထားရင်ဖုန်းကို 15W အမြန်နှုန်းအထိအားသွင်းပေးနိုင်ပါတယ်။အလုပ်လုပ်ပုံကတော့ iPhone နဲ့ Magsafe battery pack ကောအားသွင်းဖို့လိုပြီဆိုရင် Magsafe Battery Pack ကိုဖုန်းမှာတပ် ပြီးတော့ Power adaptor နဲ့ Magsafe Battery Pack ကို iPhone အားသွင်းကြိုးနဲ့ချိတ်ပြီးသွင်းနိုင်ပါတယ်။ 20W နဲ့အထပ် power adaptor သုံးထားတယ်ဆိုရင် Magsafe ကနေ ဖုန်းကို 15W အမြန်နှုန်းနဲ့အားသွင်းပေးနိုင်ပါတယ်။

MJWY3_AV4.jpg

အဲ့တော့ Magsafe charger နဲ့အတူတူပါပဲ။ ကွာသွားတာတစ်ခုက Magsafe Battery Pack က Power Bank လိုသဘောတရားမျိုးအလုပ်လုပ်နိုင်ပြီး charger လိုကြိုးတန်းလန်းနဲ့အလုပ်မရှုပ်တော့ပါဘူး။

iPhone ရော Magsafe  battery pack ကောနှစ်မျိုးလုံးကိုတစ်ပြိုင်တည်းအားသွင်းမယ်ဆိုရင် အရင်ဆုံးဖုန်းကို 80% နဲ့အထပ်အားအရင်သွင်းပေးပြီးနောက်မှ Magsafe battery Pack ကိုအားသွင်းပါတယ်။ နောက်ပြီး Magesafe battery Pack က iPhone နဲ့တွဲထားရင် reverse wireless charging လုပ်ဆောင်ချက်နဲ့ Airpods နဲ့ Apple Watch တွေကိုအားပြန်သွင်းပေးနိုင်ပါတယ်။ Magsafe battery pack ရဲ့ capacity ကတော့ 1460mAh ရှိပါတယ်။ ဒီ accessory ကိုအသုံးပြုဖို့အတွက် IOS 14.7 နဲ့အထက်လိုအပ်ပါတယ်။

Author : Hein Htet

Ref : Apple , theverge

Previous
Previous

ပြင်သစ်မှာ ယူရို သန်း၅၀၀ ဒဏ်ရိုက်ခံရတဲ့ Google

Next
Next

User တွေရဲ့ အသံကို Google assistant က record လုပ်တဲ့ကိစ္စကို Google ပြန်ရှင်း