လူတိုင်းအတွက် အသုံးဝင်မယ့် Website ၆ ခု

ဒီနေ့ဖော်ပြသွားမယ့် Website တွေကတော့ ကျောင်းသား၊ ဝန်ထမ်း မရွေး နယ်ပေါင်းစုံ၊ လုပ်ငန်းခွင်ပေါင်းစုံက လူတွေအတွက်အသုံးဝင်မယ့် Website ၆ ခုပဲဖြစ်ပါတယ်။ Offline App မဟုတ်လို့ App တွေထည့်ထားစရာမလိုသလို၊ အင်တာနက် ရှိယုံနဲ့ Device မရွေးသုံးနိုင်တာကြောင့် အတော်လေး အသုံးဝင်တဲ့ Website တွေပဲဖြစ်ပါတယ်။

၁. Coolors
အရောင် ကာလာအတွဲတွေကို Palette လိုက်ထုတ်ပေးတဲ့ Website ပဲဖြစ်ပါတယ်။ Android, iOS ရှိပေမယ့် ​Website မှာ သုံးလို့ရတဲ့အတွက် အထွေအထူး Download မလုပ်ပဲသုံးတာပိုကောင်းပါတယ်။

၂. Type Scale
ဒီကောင်ကတော့ ကိုယ့်ရဲ့ Website အတွက်ဖြစ်စေ၊ Digital စာအုပ်တွေအတွက် Font တွေ Type Scale ချတဲ့အခါ Font Size ရွေးတာ၊ ပုံစံချတာတွေကို နမူနာလုပ်ကြည့်လို့ရတဲ့ Simulation ဆန်ဆန် Website ပဲဲဖြစ်ပါတယ်။ စာအရေးများသူတွေ အသုံးများကြပါတယ်။ Typography Generator ပဲဖြစ်ပါတယ်။

၃. Duo Tone
Project တွေ၊ Portfolio တွေလုပ်ရာမှာ Duo Tone Color ကြိုက်သူတွေအတွက် အတော်လေးကို အသုံးဝင်မယ့် Website လေးပါ။ သုံးရတာလည်း လွယ်ပါတယ်။ ကိုယ်ကြိုက်တဲ့ Photoကို Upload ပြီး Color Theme ယူလို့လည်းရပါတယ်။

၄. Photo Mosh
ခေတ်လူငယ်တွေ Cyberpunk ဆန်ဆန်, Aesthic ဆန်ဆန် ပုံတွေ၊ Video တွေကို Glitch လုပ်ဖို့ရာမှာ သုံးနိုင်တဲ့ Website လေးပါ။ Drag and Drop မို့ အေးဆေးသုံးရုံပါပဲ။

၅. Compressor.io
ပုံတွေကို Online ကနေပို့တဲ့အခါ ပုံအရည်အသွေးမလျော့စေပဲ File Size ကိုသေးသွားအောင် ပြုလုပ်ပေးမယ့် Website ပါ။ မြန်မာနိုင်ငံလို အင်တာနက် အခက်အခဲများတဲ့ ဒေသတွေမှာ အတော်လေး အသုံးဝင်ပါလိမ့်မယ်

၆. remove.bg
ပုံတွေကို background ဖျောက်ချင်ရင် AI နဲ့ Auto ဖျက်ပေးမယ့် ကောင်လေးပါ။ အရင်ကအဆင်မပြေပေမယ့် နောက်ပိုင်းမှာ Photoshop နီးပါး အဆင်ပြေလာပြီဖြစ်လို့ သုံးကြည့်ဖို့ အကြံပေးပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

App Store နဲ့ Play Store ပေါ်မှာ စွန့်ပစ်ခံ App ပေါင်း ၁.၅ သန်း ခန့်ရှိနေ

Next
Next

Digital Pass တွေအကုန်နီးပါး သုံးလို့ရတော့မယ့် Google Wallet