App Store နဲ့ Play Store ပေါ်မှာ စွန့်ပစ်ခံ App ပေါင်း ၁.၅ သန်း ခန့်ရှိနေ

App ပေါင်း ၁.၅ သန်းခန့်ဟာ App Store နဲ့ Play Store မှာ စွန့်ပစ်ခံအဖြစ်ရှိနေတယ်လို့ ဆိုပါတယ်။ အပိုအဖြစ်ရှိနေတယ်ဆိုတာက အသုံးမပြုပဲ ပစ်ထားတာမဟုတ်ပဲ App ကို Release လုပ်ပြီးကတည်းက Update မပေးပဲ ပစ်ထားတာကို ဆိုပါတယ်။ App အနေနဲ့ နှစ်စဥ်ထွက်နေတဲ့ Android Version တွေအပြင်၊ Security Patch တွေနဲ့လိုက်ပြီး Update ပေးဖို့လိုပါတယ်။ Update မပေးတာကြာလာတာနဲ့ အမျှ App တွေရဲ့လုံခြုံရေးအပြင်၊ အသုံးပြုသူတွေရဲ့အချက်အလက်တွေ ပေါက်ကြားလာနိုင်ပါတယ်။ ဒါ့ကြောင့်မို့ App Store နဲ့ Play Store တို့အနေနဲ့ App စွန့်ပစ်ထားတဲ့ App တွေထဲက တစ်ချို့ကို Update မပေးရင် ဖျက်ပစ်တော့မယ်လို့ ကြေငြာထားပါတယ်။

အသုံးပြုသူတွေရဲ့ လုံခြုံရေးကို အာမခံမပေးနိုင်တဲ့ App တွေ၊ TV ကိုထိန်းချုပ်နိုင်တဲ့ App တွေ၊ Payment အဆင်မပြေတဲ့ App တွေ၊ ကြော်ငြာဗရပွနဲ့ App တွေကို ဖျက်ပစ်တော့မယ်လို့ သိရပါတယ်။ ၁.၅ သန်းထဲကမှ ၃၀ ရာခိုင်နှုန်းခန့် ( ၅သန်းခန့်) သော App တွေဟာ လုံးဝကိုပစ်ထားခံရတဲ့ ပုံပေါ်ပါတယ်။

၁-၂ နှစ်အတွင်း ပစ်ထားပြီး Update မပေးတဲ့ App တွေကို Abandoned App လို့သတ််မှတ်ပြီး၊ ၃-၅ နှစ်အတွင်းပစ်ထားတဲ့ App တွေကိုတော့ Super Abandoned App လို့ခေါ်ပါတယ်။ Super Abandoned App တွေဟာ Apple App Store မှာ အများဆုံးရှိပြီး App ပေါင်း 184,000 ရှိနိုင်ပြီး ကျန်တဲ့ 42 % ခန့်သော (130,000) ကတော့ Play Store မှာရှိတယ်လို့ ဆိုပါတယ်။

Pixalate ရဲ့ စစ်တမ်းတွေအရ 1.3 million သော App တွေဟာ လွန်ခဲ့တဲ့ 6 လအတွင်း Update ပေးခဲ့ပြီး၊ 8 % သော Download 1 million ရှိတဲ့ App တွေကတော့ လွန်ခဲ့တဲ့ ၃ လအတွင်း Update ပေးလေ့ရှိပါတယ်။ ကလေးတွေအကြိုက်ဖြစ်တဲ့ Education၊ Game နဲ့ဆိုင်တဲ့ App တွေဟာ အများဆုံး Update မပေးပဲ ချန်ထားခံရတဲ့ App တွေဖြစ်ပြီး Update အလုပ်နိုင်ဆုံးကတော့ Finance, Health, Shopping နဲ့ဆိုင်တဲ့ App တွေက Update အရဆုံးဖြစ်ပါတယ်။

Apple နဲ့ Google အနေနဲ့ ခုလို App တွေဖောင်းပွမှုကို ထိန်းသိမ်းဖို့နဲ့ လုံခြုံရေးရည်ရွယ်ချက်အတွက် "App Imporvements Notice" အဖြစ် App Developer တွေဆီကို April နောက်ဆုံးအပတ်က ပို့ထားတယ်လို့ဆိုပါတယ်။ Developers တွေအနေနဲ့ App တွေကို ရက် ၃၀ အတွင်း Update မပေးရင် App တွေကို Store တွေပေါ်ကနေ ဖြုတ်ပစ်တော့မယ်လို့ ဆိုပါတယ်။ Google ကတော့ November 1 ရက်နေ့ထိ အချိန်ပေးထားပြီး Apple ကတော့ ရက် ၃၀ ထိပဲပေးထားပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

New York အကြမ်းဖက်မှုတစ်ခုမှာ သေနတ်််သမားက Discord ကိုသုံးပြီး ဝါဒဖြန့်ခဲ့

Next
Next

လူတိုင်းအတွက် အသုံးဝင်မယ့် Website ၆ ခု