Digital Pass တွေအကုန်နီးပါး သုံးလို့ရတော့မယ့် Google Wallet

Google အနေနဲ့ Messaging App တွေထုတ်လုပ် ဖြုတ်လိုက်လုပ်ပြီးတဲ့နောက် အကျင့်ကမပျောက်သေးဘူးထင်ပါတယ်။ အရင်က Google Pay ရှိပြီးသားကို ဖြုတ်ပြီး ခုလည်း Wallet App ထပ်ထုတ်ပြန်ပါတယ်။ ဒီတော့ အသစ်ထွက်လာတာ Google Wallet လို့ပဲခေါ်ရပါမယ်။ ဒီ App ကို Android နဲ့ WearOs တွေအတွက် လာမယ့်အပတ်ထဲမှာ ထုတ်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီ Software ကို နိုင်ငံပေါင်း ၄၀ ကျော်မှာ ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။

အားလုံးမျှော်လင့်ထားတဲ့အတိုင်း ဒီ Wallet ကို Bank Card တွေ Tap to pay လုပ်ဖို့ သုံးနိုင်ပါတယ်။ ဒါ့အပြင်တစ်ခြား NFC သုံးလို့ရတဲ့ ကဒ်တွေသုံးနိုင်မှာပါ။ ဒါ့အပြင် Google ကတော့ Vaccine Certificate တွေစတဲ့ Digital Certificate တွေအကုန်လုံးသုံးလို့ရမယ်လို့ ပြောတဲ့အတွက် အတော်လေး သုံးလို့အဆင်ပြေမယ့် လုပ်ဆောင်ချက် ဖြစ်လာပါလိမ့်မယ်။ National ID card တွေ၊ Driveing License တွေလည်း သုံးလို့ရမယ်ဆိုတာ အထူးပြောစရာမလိုတော့ပါဘူး။ ဒါပေမယ့် ဒီကဒ်တွေကတော့ အသုံးပြုမယ့် နေရာအစိုးရက လက်ခံမယ်၊ လက်မခံဘူးဆိုတဲ့အပေါ်မူတည်ပါတယ်။

Digital Office နဲ့ Hotel Keys တွေလည်း သုံးလို့ရဦးမယ်လို့ဆိုပါတယ်။ Digital Pass အနေနဲ့ပြောင်းလို့ရသမျှ အကုန်လုံးသုံးလို့ရမယ်လို့ ဆိုနိုင်ပါတယ်။ Flight Ticket, Event Ticket, Boarding Pass တွေကိုလည်း နောက်ပိုင်းမှာ သုံးလို့ရအောင် လုပ်ပေးသွားမယ်လို့ဆိုပါတယ်။

Digital Certificate တွေကို Wallet ထဲထည့်ချင်တယ်ဆိုရင် screenshot ရိုက်လိုက်ရုံနဲ့ Wallet ထဲကို အလိုအလျောက်ထည့်ပေးသွားမယ်လို့ဆိုပါတယ်။ နောက်ပိုင်း နေရာတစ်ခုကို သွားဖို့ Maps မှာရှာလိုက်ရင် ရထားရှိတဲ့ဒေသတွေမှာ ရထားလက်မှတ်နဲ့ Wallet ထဲမှာရှိတဲ့ ငွေအမောင့်ကိုပါ တစ်ခါတည်း တွက်ချက်ပေးတဲ့ အလုပ်ကိုပါ လုပ်ပေးမှာပါ။

Google ထုံးစံအတိုင်း App တွေပွထနေအောင် လုပ်တတ်တာမို့ Google Pay ကို တစ်ချို့ဒေသမှာ သုံးခွင့်ဆက်ပေးထားပြီး ​Google Wallet ကိုလည်း သုံးလို့ရအောင်လုပ်ထားမယ်ဆိုတော့ နောက်ပိုင်း ဘယ်ဟာကို ဦးစားပေးသွားမယ်ဆိုတာ စောင့်ကြည့်ရပါမယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

လူတိုင်းအတွက် အသုံးဝင်မယ့် Website ၆ ခု

Next
Next

မကြာခင်ထွက်လာတော့မယ့် OnePlus Nord 2T 5G