USB-C to Lighting Cable နဲ့ 30W Charger ပါလာနိုင်မယ့် iPhone 14 Pro

iPhone 14 Pro မထွက်ခင် တစ်ပတ်အလိုမှာပဲ နောက်ထပ်ကောလဟာလတွေထပ်ထွက်လာခဲ့ပါတယ်။ တစ်ခြားဟာတော့မဟုတ််ပါဘူး။ Apple ဖန်အများစုလိုချင်နေတဲ့ Fast Charging ပဲဖြစ်ပါတယ်။ 30W Charger ကိုမှ Lighting Port နဲ့ပဲဖြစ်ပါတယ်။

​Twitter မှာ Leaks တွေအများစုတင်နေတဲ့ Leaker တစ်ယောက်က ဈေးကွက်ထဲမှာ ခေတ်စားနေတဲဲ့ Charger တစ်ခုပေါ်လာပြီး 30W ဖြစ်သလို အဆိုပါ Charger ဟာကြော်ငြာထဲမှာ iPhone 14 Series တစ်ခုလုံးကိုအသုံးပြုပြီး ကြော်ငြာထားလို့ iPhone 14 Pro မှာ 30W ပါလာနိုင်တယ်လို့ သတင်းထွက်နေတာပါ။ ကြော်ငြာထဲမှာတော့ Data Cable ကိုလည်း Lighting Port ပဲဖြစ်မယ်လို့ ကြော်ငြာထားတာကြောင့် Apple ရဲ့ USB-C ကိုပြောင်းမယ့်အကြံဟာ 2023 မှာ iPhone 15 နဲ့စတင်မယ်လို့ဆိုပါတယ်။

တစ်ခြား ဖုန်းတွေမှာ Charging Time ကိုပြိုင်ပွဲလုပ်သလို အမြန်နှုန်းတွေပြိုင်နေကြ့ပေမယ့် ​Apple ကတော့ M2 Macbook မှာ GaN 35W ကိုစတင်မိတ်ထားလို့ iPhone 14 Pro မှာ 35W ပါလာမယ်ဆိုရင် အံ့အားသင့်စရာ အကြီးအကျယ်တော့မဟုတ်ပါဘူး။ iPhone Leaker တွေပြောခဲ့တဲ့အတိုင်း Charger တွေထွက်လာပြီး Charging Speed တွေလည်းမြန်လာပေမယ့် Android တွေကိုမမှီသေးတာတော့ သေချာပါတယ်။

Apple အနေနဲ့ First GaN Charger ကို မနှစ်ကစတင်ကြေငြာခဲ့ပြီး 140W USB-C Adapter ကို 16 inch MacBook Pro အတွက်ရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ််။ GaN နည်းပညာမှာ ပိုသေးငယ်၊ ပိုပေါ့ပါး၊ ပိုပြီး Power-efficient ပိုဖြစ်တဲ့ Silicon-base chargers တွေပဲဖြစ်ပါတယ်။ Apple အနေနဲ့ iPhone Lineup အသစ်ထွက်တိုင်း သူတို့ရဲ့ Charger နည်းပညာအသစ်တွေကို ချပြနေကျလိုဖြစ်နေပါတယ်။ ဒါပေမယ့် သိပ်မမိုက်တဲ့အချက်ကတော့ Charger ကို သပ်သပ်ဝယ်နေရတာပဲဖြစ်ပါတယ်။

Ref : 9to5Mac

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဖုန်းအားမြန်မြန် မကုန်အောင်ဘာတွေလုပ်မလဲ?

Next
Next

Instagram မှာ location နဲ့ပတ်သတ်တဲ့အချက်အလက်တွေ မျှဝေထားခြင်းမရှိဟုဆို