Instagram မှာ location နဲ့ပတ်သတ်တဲ့အချက်အလက်တွေ မျှဝေထားခြင်းမရှိဟုဆို

Instagram CEO Adam Mosseri နဲ့ Instagram Social Media အဖွဲ့အနေနဲ့ Instagram မှာ ကိုယ်ရဲ့ တည်နေရာအချက်အလက်တွေကို ကိုယ့်ရဲ့အကောင့်ထဲက Follower တွေကို ပေးသိတယ်ဆိုတဲ့ စွပ်စွဲချက်ကို ရင်ဆိုင်နေရပါတယ်။ နာမည်ကြီးသူတွေရဲ့တည်နေရာကို Instagram ကတစ်ခြားသူတွေကို ပေးသိပြီး လုံခြုံရေးချိုးဖောက်မှုတွေလုပ်တယ်လို့ စွပ်စွဲခံနေရတာဖြစ်ပါတယ်။

iOS မှာပေးခဲ့တဲ့ Instagram Update မှာ တစ်ခြားသူတွေက ကိုယ်ရဲ့ တည်နေရာကို Instagram ကနေတစ်ဆင့်အတိအကျ ရှာဖွေနိုင်တယ်လို့သတင်းတွေထွက်ပြီးနောက် လူအများစုက Instagram App Setting ထဲက Location Permission ကိုပိတ်ခဲ့ကြပါတယ်။ အဲ့ဒီအဖြစ််အပျက်တွေဖြစ်ပြီးနောက်မှာတော့ Instagram ကိုယ်တိုင် Twitter မှာ တရားဝင်စာထုတ်ပြီး ရှင်းလင်းပေးခဲ့ပါတယ်။

Instagram CEO ကိုယ်တိုင်လည်း Instagram အနေနဲ့ အသုံးပြုသူရဲ့ တည်နေရာကို Location Check In လုပ်ဖို့အတွက်ပဲသုံးပြီးတစ်ခြားသူတွေကိုတော့ မျှဝေခြင်းမရှိဘူးလို့ ပြန် Tweet ထားပါတယ်။ ဒါ့အပြင် ဒီပြဿနာကိုစတင်ပြီးဖွထားတဲ့ Post မှာလည်း Source သေချာရှင်းလင်းပြထားခြင်းမရှိပဲ လူတွေ Panic ဖြစ်အောင် တမင်လှုံဆော်ခဲ့တာလို့ဆိုပါတယ်။

iOS မှာ App Update ပေးတဲ့အခါတိုင်း Description ကိုအမြဲသေချာမဖတ်ပဲ ပြဿနာတက်လေ့ရှိပြီး အခုလို သတင်းမှားတွေဖွတဲ့သူတွေကြောင့် Social Media Company ကြီးတွေပြဿနာတက်လေ့ရှိပါတယ်။ အနောက်နိုင်ငံတွေမှာ Privacy ကိုအလေးပေးကြတဲ့အတွက် တစ်ခုခုဆိုရင် သတင်းမှာ အကြီးအကျယ်ဖွလေ့ရှိတာကတော့ Pivacy နဲ့ပတ်သတ်တဲ့ကိစ္စတွေပဲဖြစ်ပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

USB-C to Lighting Cable နဲ့ 30W Charger ပါလာနိုင်မယ့် iPhone 14 Pro

Next
Next

Android OS သုံးထားတဲ့ ဘယ်လို Device မျိုးမဆို ချိတ်ဆက်နိုင်မယ့် Google လုပ်ဆောင်ချက်အသစ်