ဖုန်းအားမြန်မြန် မကုန်အောင်ဘာတွေလုပ်မလဲ?

၁.မသုံးဖြစ်တော့တဲ့ Applications တွေကို ဖျက်လိုက်ပါ
ခဏအသုံးလိုတုန်း Install ထားပြီး နောက်လုံးဝမသုံးဖြစ်တော့တာ သေချာရင် Uninstallလုပ်တာ Storageလည်း လွတ်သွားသလို အားကုန်လည်း သက်သာပါတယ်။

၂.မသုံးဖြစ်တဲ့ Service တွေကို ပိတ်ထားပါ
GPS,Bluetooth, Wifi, Wifi hotspot စတဲ့ Service တွေဟာ Phoneအား ကုန်စေပါတယ်။ဒါကြောင့် လိုအပ်မှ ဖွင့်ထားခြင်းဟာ အကောင်းဆုံးပါ။

၃.Brightness ကို Auto မထားပဲ ကိုယ်လိုအပ်သလို ချိန်ညှိသုံးပါ
Brightness ကို Auto ထားလိုက်ခြင်းအားဖြင့် Phone Sensor တွေကို ဖွင့်ထားမှာဖြစ်ပြီး အားပိုကုန်စေပါတယ်။ဒါ့ကြောင့် Brightness ချိန်ရတာ အရမ်းလည်းမရှုပ်လို့ ကိုယ်တိုင်ချိန်သုံးတာ အကောင်းဆုံးပါ။

၄. Phone အားပုံမှန်သွင်းပါ
Phoneအားကို လုံးဝအကုန် ကုန်မှသွင်းခြင်းထက် အမြဲ 10% လောက်ချန်ပြီး အားသွင်းပါ။ လုံးဝအကုန် ကုန်အောင်မကြာခဏ သုံးခြင်းဟာ Battery Life တိုစေပါတယ်။ဒါ့ကြောင့် တစ်ခါသုံးပြီးတိုင်း Battery 70% ခန့်ရောက်အောင် ပြန်သွင်းပေးပါ။

၅.Phone အပူချိန်ကိုပုံမှန်ဖြစ်အောင်ထားပါ
အကြာကြီးသုံးလို့ Phone အရမ်းပူလာရင် Battery Life ကိုထိခိုက်စေပါတယ်။အမြန်အေးဖို့ Freezerတွေထဲထည့်တာမျိုးတွေကလည်း ဖုန်းBatteryကို ပျက်စီးစေလို့ မလုပ်သင့်ပါဘူး။ ဖုန်းအရမ်းပူလာရင် သုံးတာရပ်လိုက်ပါ။

၆.Live Wallpaperတွေဟာအားကုန်မြန်စေပါတယ်
Live Wallpaperတွေဟာ ရိုးရိုးပုံမှန် Wallpaper တွေထက် Screen Battery Usageများတာကြောင့် အားကုန်မြန်စေပါတယ်။

၇.အားသွင်းကြိုးကို Original သို့ Brand ကောင်းတာသုံးပါ
Phone ဝယ်ရာမှာပါလာတဲ့ Original Chargerနဲ့ တခြား Charger အကောင်းတွေကိုသာ ဖြစ်နိုင်ရင် သုံးတာအကောင်းဆုံးပါ။Battery ပျက်မှာထက်စာရင် ဈေးသိပ်မကြီးတဲ့ Charger အကောင်းဝယ်လိုက်တာ ပိုသက်သာပါတယ်။

၈.Power Saving Mode သုံးပါ
Power Saving Mode ကိုသုံးခြင်းအားဖြင့် CPU Usageကို ထိန်းညှိစေပြီးBattery lifeကိုပိုကြာစေပါတယ် ။Android Phoneတွေမှာ Power Saving Modeလို့ပါဝင်ပြီး IOSတွေမှာတော့ Low Power Modeဆိုပြီး ရှိပါတယ်။

၉.Recent Appတွေကိုရှင်းပေးပါ
Recent Appတွေဟာ CPU Usage များစေတာမို့ အားကုန်မြန်စေပါတယ်။မသုံးတဲ့ Recent Appတွေကို ရှင်းပစ်ပါ။

၁၀.အားသွင်းရင် Airplane Mode သုံးနိုင်ပါတယ်
Airplane Mode မှာ SIm ,Wifi, Bluetooth Services တွေကို ပိတ်ပေးထားတဲ့အတွက် အားကုန်တာကိုနှေးစေပြီး အားဝင်မြန်စေပါတယ်။ ဒါပေမယ့် အဆက်အသွယ်ပြတ်တောက်နေနိုင်တာမို့ အရေးကြီးကိစ္စတွေ လွတ်သွားနိုင်ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

LiDAR ပါဝင်ပြီး Sedan Type ဖြစ်လာမယ့် Xiaomi ပထမဆုံး လျှပ်စစ်ကား

Next
Next

USB-C to Lighting Cable နဲ့ 30W Charger ပါလာနိုင်မယ့် iPhone 14 Pro