USB C ပါဝင်တဲ့ iPhone ကို Apple စမ်းသပ်နေတယ်လို့ သတင်းထွက်ပေါ်လာ

Apple အနေနဲ့ နောက်ဆုံးမှတော့ USB C ကိုသုံးတော့မလားဆိုတဲ့ မျှော်လင့်ချက်ရောင်ချည်လေး လင်းလက်လာပါပြီ။ ဒါကတော့ iPhone တွေအတွက် USB C နဲ့စမ်းသပ်နေတယ်ဆိုတာပါပဲ။ Bloomberg မှာတင်ထားတဲ့ သတင်းအရဆိုရင်တော့ ဒီနှစ်ထဲမှာတော့ USB C iPhone ကိုမြင်ရဖို့မရှိသေးပါဘူး။

ဒါပေမယ့် အစောဆုံးအနေနဲ့ နောက်နှစ် ၂၀၂၃ မှာထွက်လာဖို့တော့ မျှော်လင့်နိုင်ကြောင်း ပြောထားပါတယ်။ ဒီအကြောင်းကို Apple အကြောင်းတွေ သီးသန့် Leak နေတဲ့ Leaker Ming-Chi Kuo ကိုယ်တိုင်လည်း ဒီတစ်ပတ်ထဲမှာ Tweet ထားပါတယ်။ ၂၀၂၃ နှစ်လယ်ပိုင်းလောက်မှာတော့ Apple အနေနဲ့ USB C ကို ပြောင်းလာတော့မလားဆိုပြီး ခေါင်းစဥ်နဲ့ Tweet ထားတာပါ။

ဒီလိုပြောင်းလဲဲမှုဟာ အရမ်းအံ့သြစရာမဟုတ်ပေမယ့် Apple ကို USB C နဲ့မြင်ချင်တာ ကြာလှပြီဖြစ်တဲ့ လူတိုင်းအတွက် အတော်လေး ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုပါ။ Apple iPad Pro, iPad Air, iPad Mini တွေကို USB C ကိုပြောင်းလိုက်တာ အချိန်တစ်ခုကြာခဲ့ပါပြီ။ ဒါ့အပြင် EU ကိုယ်တိုင်ကလည်း Electronic Device တွေကို USB-C ထည့်ဖို့ ညွန်ကြားထားတာလည်း ရှိပါတယ်။ ဒီလိုကြော်ငြာချက်တွေကြောင့်လည်း Apple ကိုမြန်မြန် USB-C ကိုပြောင်းစေတဲ့အချက်တွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်ခုလို USB-C ကိုပြောင်းလိုက်တဲ့အတွက် Fast Charging တွေ၊ Data Transfer Speed တွေလည်း ပိုမြန်လာနိုင်ပါတယ်။

တစ်ခြားကောလဟာလတွေအနေနဲ့ကတော့ Apple အနေနဲ့ Portless iPhone လုပ်မယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ Apple အနေနဲ့နှစ်အတန်ငယ်ကြာအောင် Portless iPhone ထုတ်နိုင်အောင်် ကြိုးစားနေတယ်လို့ သတင်းတွေထွက်နေခဲ့ပြီး ထွက်လာဖို့ကလည်း အချိန်မရွေးဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

မကြာခင်ထွက်လာတော့မယ့် OnePlus Nord 2T 5G

Next
Next

Radeon RX 6000 Series Graphics Card ၃ ခုမိတ်ဆက်လာတဲ့ AMD