Radeon RX 6000 Series Graphics Card ၃ ခုမိတ်ဆက်လာတဲ့ AMD

ယနေ့မှာတော့ AMD အနေနဲ့ Radeon RX 6000 Series Graphics Card ၃ ခုကိုမိတ်ဆက်ပေးခဲ့ပါတယ်။ ဒီ Line Up ကတော့ နဂိုရှိပြီးသားကောင်တွေကို Clock Speeds ပိုမြန်ပြီး Memory Bandwidth မြှင့်ထားတဲ့ ကောင်တွေပဲဖြစ်ပါတယ်။ Radeon RX 6950XT ပြီးရင် ဒီ Line Up ဟာ အမြြန်ဆုံး Radeon တွေပဲဖြစ်ပါတယ်။ Hardware ပိုင်းကတော့ အရင်ထွက်ပြီး Radeon RX 6900XT တွေနဲ့ အတူတူပဲဖြစ်ပေမယ့် Speed ပိုင်းမှာတော့ ပိုသာပါတယ်။

ပြောင်းလဲသွားတဲ့ ပြောင်းလဲမှုတွေကတော့ 6950XT ဟာ Game Clock Speed မှာ 2100MHz ဖြစ်ပြီး၊ Boost လိုက်ရင် 2310MHz ထိရနိုင်ပေမယ့် 6900XT ကတော့ 2015MHz နဲ့ 2250MHz ထိပဲ ရှိပါတယ်။ 6950XT ဟာ Memory Speed 18Gbps ရှိပေမယ့် 6900XT ကတော့ 16Gbps ထိပဲရှိပါတယ်။ Memory Bandwidth ကလည်း 576GB/s နဲ့ 512GB/s ဆိုပြီး ကွဲပါသေးတယ်။

6750XT မှာလည်း Speed ကို 18Gbps ထိရပြီး Bandwidth ကလည်း 384GB/s 6700XT မှာ 432GB/s ထိရမယ်လို့ဆိုပါတယ်။ Boost လိုက်ရင်တော့ 2581MHz နဲ့ 2600MHz ဆိုပြီး clock speed ကိုလည်းရနိုင်မှာပါ။အချက်အလက်တွေကိုကြည့်ချင်းအားဖြင့် ဒါတွေဟာ အဓိက Major Update မဟုတ်ပဲ သပ်သပ် Clock Speed တွေကို Boost လုပ်ထားပဲဖြစ်ပါတယ်။ FPS ဆိုရင်လည်း Digit တစ်ခုစာပဲ တိုးတက်လာတယ်လို့ AMD ကိုယ်တိုင်လည်း စမ်းသပ်ထားပါတယ်။

ခုလို Performance ပိုင်းသိသိသာသာ တိုးတက်မလာပေမယ့်လည်း AMD ကတော့ ဈေးကိုမြှင့်လိုက်ပါတယ်။ RX 6950XT ကို $1099 နဲ့စတင်မှာယူနိုင်ပြီး 6900XT ကိုတော့ $999 နဲ့ရနိုင်ပါတယ်။ 6750XT ကတော့ $549 ဖြစ်ပြီး၊ 6650XT ကတော့ $399 ပဲဖြစ်ပါတယ်။ 6650XT ကလွဲလို့ ကျန်တဲ့ Graphics Card တွေကို AMD နဲ့ Board Partner ဆိုင်တွေမှာ ရနိုင်ပေမယ့် 6650XT ကတော့ Board Partners တွေဆီမှာပဲဝယ်ယူနိင်မယ်လို့ ဆိုပါတယ်။ ဒီနေ့ပဲ Board တွေကို စတင်ရောင်းချနေပြီဖြစ်ပါတယ်။

Ref : GSMarena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

USB C ပါဝင်တဲ့ iPhone ကို Apple စမ်းသပ်နေတယ်လို့ သတင်းထွက်ပေါ်လာ

Next
Next

Ad-supported Plan နဲ့ Password Sharing fee တောင်းတော့မယ့် Netflix