မကြာခင်ထွက်လာတော့မယ့် OnePlus Nord 2T 5G

OnePlus Nord 2T 5G အနေနဲ့ လာမယ့် ၁၉ ရက်နေ့မှာ မိတ်ဆက်သွားဖို့ရှိပါတယ်။ ဒီသတင်းကို OnePlus ကိုယ်တိုင်ကထုတ်ပြန်ထားလို့ သတင်းကခိုင်မာမှုရှိပါတယ်။ ပွဲအတွက် ဖိတ်စာတွေလည်း ဖိတ်ထားတာမို့ သေချာပေါက်လို့ ပြောလို့ရပါတယ်။ Website မှာလည်း ဖုန်းအသစ်အတွက် အရိပ်အမြွက်တင်ထားပါတယ်။ တစ်ချို့ Reviwer တွေလည်း ဒီဖုန်းအကြောင်းကို Unboxing တွေလုပ်ထားတာမို့ ဒီဖုန်းအကြောင်းကို အသေးစိတ်သိချင်ရင် YouTube မှာရှိပါတယ်။

Nord 2T 5G အနေနဲ့ 6.43 လက်မရှိပြီး FHD+ AMOLED Display ပါဝင်ပါတယ်။ Screen Refresh Rate အနေနဲ့ 90Hz ရှိပြီး Selfie Camera 32MP ကို Screen မှာ Hole-punch အနေနဲ့ ဘယ်ဖက်မှာထည့်သွင်းပေးထားပါတယ်။ Chipset အနေနဲ့ MediaTek Dimensity 1300 SoC ကိုသုံးပေးထားပြီး RAM ကလည်း 12GB မို့ Performance ကတော်တော်လေးမြန်ပါလိမ့်မယ်။ Storage အနေနဲ့ 256GB ရှိပြီး Battery Capacity အနေနဲ့ 4,500mAh ရှိပါတယ်။ Charging ပိုင်းကတော့ 80W Fast Charging ဆိုတော့ ပူစရာမလိုပါဘူး။ ဒါ့အပြင် Os အနေနဲ့ Andorid 12 ကို အခြေခံထားတဲ့ Oxygen Os 12 ကိုသုံးထားပါတယ်။

OnePlus အနေနဲ့ Oppo နဲ့ပေါင်းပြီးတဲ့နောက် Lineup တွေလည်း အတော်လေးများလာခဲ့ပြီး Budget Series တွေလည်း ပေါင်းစုံထွက်ခဲ့ပါတယ်။ အရင် Oxygen Os ကိုမက်လို့ သုံးလာခဲ့တဲ့ သူတွေအနေနဲ့ Color Os ဆန်လာတဲ့ Oxygen Os ကြောင့် ဝေဖန်တာတွေရှိလာခဲ့တဲ့နောက် Fan Meeting တစ်ခုမှာ Oxygen Os ကို ပြန်သွားမလိုတွေ စကားလမ်းကြောင်းစခဲ့ပေမယ့် သေချာတဲ့ ဆုံးဖြတ်ချက်တော့မပေးခဲ့ပါဘူး။

Ref : Cnet

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Digital Pass တွေအကုန်နီးပါး သုံးလို့ရတော့မယ့် Google Wallet

Next
Next

USB C ပါဝင်တဲ့ iPhone ကို Apple စမ်းသပ်နေတယ်လို့ သတင်းထွက်ပေါ်လာ