USB-C Cable တွေနဲ့ပတ်သက်လို့ Apple ကို EU ထပ်မံသတိပေး

ဒီနှစ်ပိုင်းမှာ EU နဲ့ Apple ဟာ USB-C နဲ့ပတ်သက်ပြီး အပြန်အလှန် အထိအတွေ့တွေများပါတယ်။ EU ရဲ့ တိုက်တွန်းမှုကြောင့်လည်း iPhone တွေရဲ့ USB-C အရွေးပိုမြန်လာတာပါ။ ဒီနှစ် iPhone 15 တွေမှာ USB-C ပါဖို့သေချာသလောက်ဖြစ်နေပြီဆိုပေမယ့် EU အနေနဲ့ Apple ကိုသတိပေးချက်တွေထပ်ထုတ်ထားပါတယ််။

ဘာအကြောင်းလဲဆိုတော့ Apple ကိုယ်တိုင် Certified လုပ်မထားတဲ့ Third-party USB-C cable တွေကိုသုံးလာခဲ့ရင် Support အားပေးမဝင်တာ၊ Charging Speed လျော့တာမျိုးတွေ မလုပ်ဖို့၊ Made For iPhone(MFi) မဖြစ်တဲ့ Third-party product တွေကိုလည်း အသုံးပြုနိုင်အောင် ပြုလုပ်ပေးရမယ်ဆိုတဲ့ စနစ်ပဲဖြစ်ပါတယ်။

ဒီလိုစည်းကမ်းထုတ်လိုက်တာဟာ Apple Ecosystem ပေါ်မှာ အနည်းနဲ့အများ သက်ရောက်မှုတွေရှိလာနိုင်သလို၊ Apple အနေနဲ့ Quality မမှီတဲ့ Product တွေကတစ်ဆင့်ဖြစ်လာတယ့် နောက်ဆက်တွဲတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ မေးစရာတွေဖြစ်လာနိုင်ပါတယ်။

Ref : Gizmochina

#Akhayartech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Final Cut Pro နဲ့ Logic Pro ကို iPad မှာသုံးလို့ရပါတော့မယ်

Next
Next

iOS 17 Update ကနေ ဘာတွေမျှော်လင့်ထားလို့ရလဲ