Final Cut Pro နဲ့ Logic Pro ကို iPad မှာသုံးလို့ရပါတော့မယ်
Creator တွေအကြိုက် Final Cut Pro နဲ့ Logic Pro ကို Apple iPad တွေမှာသုံလို့ရတော့မှာဖြစ်တယ်လို့ Apple ကိုယ်တိုင်တရားဝင်ကြေငြာလိုက်ပါပြီ။ လာမယ့် မေလ ၂၃ ရက်နေ့က စတင်လို့ App Store ကနေ Subscription ပေးပြီး သုံးလို့ရတော့မှာပါ။ စစချင်း တစ်လ Free Trial သုံးလို့ရမှာဖြစ်ပြီး နောက်ပိုင်း တစ်လကို $4.99 ပေးပြီး တစ်နှစ်ကိုတော့ $49 ပေးရမှာပါ။
M1 နဲ့ M2 သုံးထားတဲ့ iPad တွေနဲ့ A12နဲ့ နောက်ပိုင်းထွက် Chip သုံးထားတဲ့ iPad တွေအကုန် Final Cut Pro နဲ့ Logic Pro ကိုသုံးလို့ရမှာပါ။ iPad အတွက်လည်း သီးသန့် UI အသစ်တွေလည်း ပါဝင်လာမှာဖြစ်သလို Apple Pencil နဲ့တွဲသုံးလို့ရမယ့် သီးသန့် Feature တွေလည်း ထည့်ထားမယ်လို့ ဆိုပါတယ်။
M2 chip iPad ဆိုရင် ProRes Video တွေရိုက်နိုင်မှာဖြစ်သလို၊ MultiCam Video Editing လည်းရမယ်လို့ သိရပါတယ်။ Machine Learning သုံးထားတဲ့ Green Screen နဲ့ပတ်သက်လို့ လုပ်ဆောင်ချက်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
Creator တွေကတော့ iPad သုံးပြီး Editing တွေလုပ်ဖို့ အသင့်ဖြစ်နေလောက်ပါပြီ။
Ref : Apple Newsroom
#Akhayartech