iOS 17 Update ကနေ ဘာတွေမျှော်လင့်ထားလို့ရလဲ
iOS 17 ရဲ့အကြောင်း သိရသလောက် Rumors တွေကို စုပေါင်းဖော်ပြပေးပါ့မယ်။
More Home/Lock Customization & Share
Home Screen ကို Customization တွေပိုလုပ်လာနိုင်ပါမယ်။ Widget တွေပိုတိုးလာမယ်။ ဒါ့အပြင် မိတ်ဆွေရဲ့ Home Screen ကိုသူများကိုပါ Share ပြီးဆင်တူထားလို့ရမယ်။ အဲ့တော့ Couple တွေ၊ Bestie တွေ အသင့်ပဲလား?
Revamp Control Center
Control Center မှာလုပ်လို့ရမယ့် Shortcut တွေအတော်လေး ပြောင်းသွားနိုင်ပါတယ်။ Fan တွေကတော့ ဒီဇိုင်းအသစ်ဖြစ်လာရင် ကြိုက်တဲ့သူနဲ့ မကြိုက်တဲ့သူ ခုကတည်းက ငြင်းခုန်နေကြပါပြီ။
Redesign App Icon
App Icon တွေကိုလည်း Redesign လုပ်မယ်လို့သိရပါတယ်။ UI/UX နဲ့ပတ်သတ်ရင် Magic Mouse တစ်ခုပဲမကြိုက်တဲ့ ကျွန်တော့်အတွက်် Redesign Icon ကိုတော့ ရင်ခုန်နေမိပါတယ်။
More Dynamic Island Feature
iPhone မှာကျွန်းခံတဲ့ Model ကိုင်နေကြတဲ့ ကိုကို,မမ,ဦးဦးဒေါ်ဒေါ်တို့အတွက်လည်း Feature အသစ်တွေ၊ Animation အသစ်တွေထည့်ပေးပါမယ်တဲ့ဗျား..
Flashlight Adjustment
Flashlight ရဲ့လင်းအားကို ညှိလို့ရမယ့် လုပ်ဆောင်ချက်လည်း လာမယ်လို့သိရပါတယ်။
Sideload App
ဒါကတော့ EU ဖက်က User သီးသန့်ပါ။ App Store ကမဟုတ်တဲ့ App တွေကို Sideload အနေနဲ့ Install တင်သုံးလို့ရမှာဖြစ််ပါတယ်။
Beta Limitations
Beta စမ်းချင်တဲ့ Dev တွေ၊ Tester တွေကိုလည်း Developer Beta လား၊ Public Beta Install ချင်လားဆိုတဲ့ ရွေးချယ်နိုင်မယ့် Option ပါဝင်လာပါမယ်။
Others
Performance Update တွေ၊ Apple CarPlay Updateတွေ၊ Apple VR အတွက်လည်း Update တွေပါဝင်ဦးမှာဖြစ်ပြီး အပေါ်မှာဖော်ပြခဲ့တာက User အများစု စိတ်ဝင်စားမယ့် အကြောင်းအရာတွေပဲဖြစ်ပါတယ်။
လာမယ့် September လဆိုရင် iOS 17 ကို ကျွန်တော်တို့ သုံးခွင့်ရတော့မှာပါ။
Ref : MacRumors
#Akhayartech