US Montana မှာ TikTok အသုံးပြုမှုစတင်ပိတ်ပင်တော့မည်

US ရဲ့ပထမဆုံး TikTok တရားဝင်ပိတ်ပင်တဲ့ State ကတော့ Montana ဖြစ်လာပါတယ်။ လာမယ့်နှစ် January 1 ရက်နေ့ ၂၀၂၄ ကစတင်ပြီး App Store နဲ့ Play Store တို့မှာ TikTok ကိုအသုံးပြုလို့မရအောင် ပိတ်ပင်တော့မှာဖြစ်ပါတယ်။

Montana ရဲ့ပြည်နယ်ဝန်ကြီး Gianforte ရဲ့ထုတ်ပြန်ချက်အရ TikTok ဟာနိုင်ငံခြားကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး အမေရိကန်နိုင်ငံသားတွေရဲ့ Data တွေကိုရောင်းစားခဲ့သလို၊ တရုတ်ကွန်မြူနစ်ပါတီနဲ့ ပတ်သတ်နေတာကြောင့်အပြင် တစ်ခြား Data နဲ့ပတ်သတ်လို့ အငြင်းပွားဖွယ်ရာတွေရှိလို့ ခုလိုဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Montana အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ဖုန်းတွေမှာ TikTok ကိုအသုံးမပြုဖို့လည်း ထုတ်ပြန်ထားပါတယ်။

ဖုန်းထဲမှာ TikTok ရှိပြီးသား Montana ပြည်သူတွေကတော့ Ban တာစတင်ခဲ့ရင်တောင် အသုံးပြုနိုင်မှာဖြစ်ပေမယ့်၊ Update တွေနဲ့ အသစ် Download တွေကိုတော့ခွင့်ပြုမှာမဟုတ်ပါဘူး။ တစ်ကယ်လို့ January 1 2024 နောက်ပိုင်းမှာ App တွေကို Store ပေါ်မှာဆက်တင်ထားမယ်ဆိုရင် TikTok နဲ့ Store ပိုင်ရှင်မည်သူမဆို တစ်ရက်ကို $10,000 ဒဏ်ကြေးပေးရမှာဖြစ်ပါတယ်။

Ref : GSMArena

#Akhayartech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ကိုယ်အပူချိန်တိုင်းလို့ရမယ့် Pixel 8 Pro

Next
Next

Tesla ကားတွေအတွက် Chips တွေထုတ်ပေးသွားမယ့် Samsung