Tesla ကားတွေအတွက် Chips တွေထုတ်ပေးသွားမယ့် Samsung

မကြာသေးခင်က US ကိုအလည်လာသွားတဲ့ Samsung CEO ဟာ Tesla ရဲ့ CEO Elon Musk နဲ့တွေ့သွားခဲ့ပြီး Tesla ရဲ့ FSD(Fully Self-Driving) Chips ထုတ်ပေးဖို့ကိစ္စ ဆွေးနွေးခဲ့ပါတယ်။ Tesla အနေနဲ့ FSD Chips တွေကိုလိုက်ရှာနေတာဖြစ်ပြီး အဆင်ပြေသွားခဲ့ရင် Tesla Car တွေအတွက် Samsung Chips တွေထုတ်ပေးတဲ့ အဓိက Supplier ဖြစ်လာမှာပါ။

Samsung အနေနဲ့လောလောဆယ်မှာလည်း Tesla အတွက် Batteries တွေ၊ Exynos တွေနဲ့ Camera Sensor တွေရောင်းပေးနေပါတယ်။ ဒါ့အပြင် US က Samsung စက်ရုံတွေမှာလည်း 14nm chips တွေကို ကားထုတ်လုပ်ရေးတွေအတွက် ထုတ်ပေးနေပါတယ်။ Tesla အတွက်ထုတ်မယ့် Chips တွေကတော့ 5nm ဖြစ်ပါတယ်။

Samsung နဲ့စကားပြောထားပေမယ့် Tesla အနေနဲ့ TSMC နဲ့လည်းစကားပြောထားတာရှိပါသေးတယ်။ တရုတ်ထုတ်လုပ်ရေးဖြစ်တဲ့ TSMC နဲ့ Tesla တို့ဟာ 4nm Chips တွေကိုထုတ်လုပ်ဖို့ သဘောတူထားတာရှိပါတယ်။

Ref : GSMArena

#Akhayartech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

US Montana မှာ TikTok အသုံးပြုမှုစတင်ပိတ်ပင်တော့မည်

Next
Next

Next Level YouTub View ရအောင်လုပ်နည်း