ကိုယ်အပူချိန်တိုင်းလို့ရမယ့် Pixel 8 Pro

"ကိုကို...ဘေဘီနေမကောင်းဖြစ်ချင်နေတယ်" ဆိုပြီး ခဏခဏချွဲတတ်တဲ့ကောင်မလေး ပိုင်ဆိုင်ထားသူတွေအတွက် မကြာခင်ထွက်လာမယ့် Google Pixel 8 Pro ကဝယ်ကိုဝယ်သင့်တဲ့ ဖုန်းတစ်လုံးဖြစ်လာမှာပါ။

Google ရဲ့မကြာခင် ထွက်ရှိလာမယ့် Pixel 8 Pro မှာ Camera အတွက် Infrared Sensor တွေအများကြီးပါဝင်လာမယ့် အပြင် Temperature Sensor လည်းပါဝင်လာမှာပါ။ အရာဝတ္တုတွေ၊ လူတွေရဲ့အပူချိန်ကိုတိုင်းလို့ရမယ့် ဒီ Sensor ကို Camera Module ရဲ့ကပ်ရပ် Flash အောက်မှာကပ်ရပ်ပါလာမယ်လို့ သိရပါတယ်။

အပူချိန်တိုင်းမယ်ဆိုရင် Sensor ရှိတဲ့ Camera Module နားကို နဖူးကိုကပ်နိုင်သမျှကပ်ထားပြီး ၅ စက္ကန့်ကြာလို့ အပူချိန်တိုင်းပြီးရင် ဖုန်းက Vibrate လုပ်ပေးပြီး Alert လုပ်မယ်လို့ဆိုပါတယ်။ တိုင်းလို့ရတဲ့ Data တွေကို Fitbit အတွက်အသုံးပြုလာနိုင်သလို၊ Data တွေကို Locally ဖုန်းထဲမှာပဲသိမ်းထားမှာပါ။

လောလောဆယ်မှာတော့ Beta Tester တွေစမ်းသပ်နေကြပြီး မကြာခင် Public ကိုရောက်လာမယ့် Pixel 8 Pro ကိုသုံးပြီး OnePlus 8 Pro တုန်းကလို ရယ်စရာတွေမြင်ရဦးမလား စောင့်ကြည့်ရပါမယ်...

Ref : 9to5Google

#Akhayartech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Electric Cadillac ကားထုတ်မယ့် GM

Next
Next

US Montana မှာ TikTok အသုံးပြုမှုစတင်ပိတ်ပင်တော့မည်