US Massachusetts မှာရှိတဲ့ Apple Store Accident မှာ ၁ဦးသေ၊ ၁၉ဦးဒဏ်ရာရ

အမေရိကန်နိုင်ငံ မက်ဆာချူးဆက်မှာရှိတဲ့ Apple Store တစ်ခုကို ကားဝင်တိုက်သွားတဲ့ ဖြစ်စဥ်မှာ တစ်ဦးသေဆုံးပြီး၊ အနည်းဆုံး ၁၉ ဦးဒဏ်ရာရသွားပါတယ်။ သေဆုံးသွားသူကတော့ Kevin Bradley ဆိုသူ အသက် ၆၅ နှစ်ရှိသူတစ်ဦးပါ။ ကားမောင်းသူကိုတော့ ခုထိဘယ်သူလည်းဆိုတာ မသိရသေးပါဘူး။

မီးသတ်ကား ၇ စီး၊ လူနာတင်ကား ၁၄ စီးထိအသုံးပြုခဲ့ရတဲ့ ဒီဖြစ်စဥ်အသေးစိတ်ကတော့ နိုဝင်ဘာ ၂၁ ရက်နေ့ မနက် ၁၀နာရီ ၄၅ မိနစ်ခန့်မှာ အနက်ရောင် SUV တစ်စင်းဟာ Apple Store ကိုဝင်တိုက်ပြီး Store ရှေ့မှာရော၊ Store ထဲကလူအများအပြားကို ထိခိုက်စေခဲ့သလို တစ်ချို့ဆိုရင် Store ကနံရံနဲ့ ကားနဲ့ပါညှပ်မိနေခဲ့တာပါ။ ဒီဖြစ်စဥ်က ဒဏ်ရာရသူတွေအမများစုက ပြင်းထန်တဲ့ ဒဏ်ရာတွေဖြစ်ကြပြီး လောလောဆယ် အရေးပေါ်စောင့်ကြည့်နေကြရသူတွေများတယ်လို့ ဆိုပါတယ်။

Apple ဖက်ကလည်း ဒီဖြစ်စဥ်မှာ ဒဏ်ရာရသွားတဲ့ ဝန်ထမ်းတွေနဲ့ ဈေးဝယ်သူတွေကို စိတ်မကောင်းကြောင်း စာထုတ်ပြန်ထားပြီး တတ်နိုင်သမျှအကူအညီပေးသွားဖို့ လုပ်ဆောင်သွားမယ် ထုတ်ပြန်ထားပါတယ်။ ခုချိန်ဟာ အနောက်နိုင်ငံမှာ Holiday ဖြစ်ပြီး ပိတ်ရက် လူစည်ကားချိန်မှာ ကားဝင်တိုက်သွားတာဖြစ်ပါတယ်။

Ref : CNN

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

မြောက်အမေရိကမှာရှိတဲ့ Tesla တိုင်း Full Auto-pilot Mode သုံးလို့ရပြီ

Next
Next

2021 အတွင်းအသုံးအများဆုံး Password စကားလုံး "Samsung"