2021 အတွင်းအသုံးအများဆုံး Password စကားလုံး "Samsung"

Password Management Company တစ်ခုဖြစ်တဲ့ Nordpass အနေနဲ့ စစ်တမ်းတစ်ခုကောက်ယူခဲ့တဲ့အခါ ၂၀၂၁ နဲ့ ခုနောက်ပိုင်းအထိ အသုံးအများဆုံး Password ဟာ "Samsung" ဆိုတဲ့ စကားလုံးဖြစ်တယ်လို့သိခဲ့ရပါတယ်။ အနည်းဆုံး နိုင်ငံပေါင်း ၃၀ ကျော်က Samsung User မဟုတ်သူတွေကပါ အသုံးပြုခဲ့တဲ့ စကားလုံးဖြစ်ပါတယ်။

တစ်ကယ်တော့ ကိုယ့်အကြိုက်ဆုံး Smart Phone နာမည်တွေ၊ တစ်ခြား Brand ကြီးတွေရဲ့နာမည်ကို Password မှာထည့်တာဟာ အရမ်းကောင်းတဲ့အကြံတော့မဟုတ်ပါဘူး။ ဘာလို့လဲဆို အဲ့လို နာမည်ကြီး Brand တွေကို Password ထားမယ်ဆိုရင် အများဆုံး ၇ စက္ကန့်အတွင်း Password Crack လုပ်ခံရနိုင်ချေရှိတယ်လို့ ဆိုပါတယ်။

ခုနောက်ပိုင်း လူအများစုဟာ Password ကို "1234567" လိုမျိုးဆက်တိုက်တွေ၊ brand နာမည်တွေကို အကြီးအသေးတွေစုပေါင်းရေးတာမျိုးတွေ ပေးလာကြတာပိုများလာပါတယ်။ အဆိုပါ Password တွေဟာ ဒီနေ့ခေတ်နည်းပညာတွေနဲ့ဆိုရင် crack လုပ်ဖို့ စက္ကန့်ပိုင်းပဲလိုပါတယ်။ ဒါကြောင့်မို့ ပိုကောင်းတဲ့ Password အတွက် အနည်းဆုံး Capital Letter, Small Letter, Number, Special Character တစ်ခုစီပါဝင်ပြီး Password အရှည် ၈ လုံးခန့်ထားသင့်တယ်လို့ အကြံပြုထားပါတယ်။

REF : SamMobile

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

US Massachusetts မှာရှိတဲ့ Apple Store Accident မှာ ၁ဦးသေ၊ ၁၉ဦးဒဏ်ရာရ

Next
Next

အသက်မပြည့်သေးတဲ့လူငယ်တွေအတွက် Online လုံခြုံရေးအသားပေးလာတဲ့ Facebook