မြောက်အမေရိကမှာရှိတဲ့ Tesla တိုင်း Full Auto-pilot Mode သုံးလို့ရပြီ

Tesla ရဲ့ Auto-pilot Full-self Driving Mode ဟာပြီးခဲ့တဲ့ နှစ်တွေကတည်းက တစ်ဖြည်းဖြည်းနဲ့ ကားတိုင်းကို Update ပေးနေခဲ့တာ ဒီနေ့မှာတော့ မြောက်အမေရိကမှာရှိတဲ့ Tesla တိုင်းဟာ Auto-pilot သုံးလို့ရပြီဖြစ်ကြောင်း Elon Musk က Twitter မှာတင်ထားပါတယ်။ ဒါပေမယ့် Auto-pilot Mode ဝယ်တဲ့သူတွေပဲ သုံးလို့ရမှာဖြစ်ပါတယ်။

ဒီ Full-self Driving mode ဟာ ၂၀၂၀ ကစလို့ တစ်ဖြည်းဖြည်းချင်း Update နဲ့ထုတ်ပေးလာတာဖြစ်ပြီး ဒီနှစ် အောက်တိုဘာမှာတော့ ကားအစီးရေ ၁သိန်းခွဲကျော်ထိ Update ရပြီးဖြစ်ပါတယ်။ ဒီ Update ကိုရဖို့ဆိုရင် Service ကိုဝယ်ထားရုံမကပဲ၊ Tesla ရဲ့ ကားမောင်းကျွမ်းကျင်မှုတိုင်းတာတဲ့ စနစ်မှာ ရမှတ်ကောင်းတွေရဖို့လိုပါတယ်။ ဒီလိုရမှတ်ဖို့ဆိုရင် Tesla ရဲ့ Auto-pilot Assistance နဲ့တွဲပြီး အနည်းဆုံး မိုင်၁၀၀ လောက် ကိုယ်တိုင်မောင်းဖူးဖို့လိုပါတယ်။

ဒါပေမယ့် ဒီလိုအပ်ချက်တွေကို နောက်ဆုံးမှာ ဖြေလျော့ပေးပြီး Service ဝယ်သူတိုင်းကို Full Self-Driving စနစ်ပေးသုံးတော့မှာဖြစ်တယ်လို့ Elon Musk ကိုယ်တိုင်ကြေငြာလိုက်ပါတယ်။ သေချာတာတစ်ခုကတော့ မောင်းနှင်သူရဲ့ Driving Behaviour နဲ့ Data တွေအသုံးပြုဖို့အတွက် ခုလိုအစမ်းမောင်းနှင်တာတွေ ပြုလုပ်တာဖြစ်နိုင်ပါတယ်။ Tesla Auto-pilot အနေနဲ့ အရမ်းကြီးကောင်းလွန်းနေတာတော့ မဟုတ်ပြန်ပါဘူး။ တစ်ချို့အဖွဲ့အစည်းတွေနဲ့ ဥပေဒေအဖွဲ့အစည်းတွေအနေနဲ့ Tesla ကြောင့်ဖြစ်တဲ့ ကားမတော်တဆဖြစ်မှုတွေကို စုံစမ်းနေကြဆဲဖြစ်ပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Google တစ်ကွက်ပညာပြန်ပြပြီ

Next
Next

US Massachusetts မှာရှိတဲ့ Apple Store Accident မှာ ၁ဦးသေ၊ ၁၉ဦးဒဏ်ရာရ