ကမ္ဘာတစ်ဝှမ်းရှိ Microsoft Service များ ရပ်တန့်ပြတ်တောက် မှုများဖြစ်ပေါ်ခဲ့

ယမန်နေ့က Microsoft Service တွေဖြစ်တဲ့ Teams, Outlook တွေအပါအဝင် Microsoft SaaS တွေအတော်တော်များများဟာ Down Service ဖြစ်သွားခဲ့ပါတယ်။ ကမ္ဘာ့တစ်ဝှမ်းမှာရှိတဲ့ အသုံးပြုသူ သောင်းနဲ့ချီပြီးရဲ့ အဆိုပါဖြစ်ပျက်သွားမှုကို Report တွေလည်း ရခဲ့တယ်လို့ Microsoft ကမှတ်ချက်ပေးထားပြီး ဖြစ်ပျက်ရတဲ့အကြောင်းရင်းကတော့ "Wide Area Network" လို့ခေါ်တဲ့ WAN service ကိုအပြောင်းအလဲတစ်ချို့ပြုလုပ်ရာမှာ ပြဿနာရှိသွားခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ပြတ်တောက်မှုနောက်ကွယ်မှာ Microsoft Azure, Xbox နဲ့ Microsoft ကိုမှီခိုနေတဲ့ ကုမ္ပဏီကြီးတွေအကုန် ပြဿနာတွေဖြစ်သွားခဲ့ပါတယ်။ အဆိုပါအဖြစ်အပျက်ကြောင့် ကမ္ဘာကြီးနဲ့စီးပွားရေး တော်တော်များများဟာ နည်းပညာကုမ္ပဏီကြီးတွေအပေါ်မှာ ဘယ်လောက်ထိမှီခိုနေရလဲဆိုတာကို မြင်ရနိုင်ပါတယ်။

ပြတ်တောက်မှုကို အများဆုံး Report လုပ်တဲ့နိုင်ငံတွေကတော့ ဂျပန်နဲ့ အိန္ဒိယနိုင်ငံတို့ဖြစ်ပြီး အင်တာနက်ပေါ်မှာလည်း Meme တွေပေါ်လာပါတယ်။ တစ်ချို့ရုံးတွေမှာ Microsoft Service တွေ Down သွားတဲ့အတွက် နားချိန်ရသွားပြီဆိုပြီး Twitter မှာစနောက်ခဲ့ကြပါတယ်။ Microsoft အနေနဲ့ ပြတ်တောက်မှုဖြစ်ပေါ်ပြီး ၂ နာရီခန့်အကြာမှာပဲ Service တွေကိုပုံမှန်သုံးလို့ရပြီဖြစ်ကြောင်း ပြန်လည်ကြေငြာခဲ့ပါတယ်။

Ref : BBC Tech

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

အမေရိကန်ရဲ့ တရုတ်အပေါ် Chips Ban ဂျပန်နဲ့ နယ်သာလန်ပါဝင်လာနိုင်

Next
Next

Apple Production အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို အိန္ဒိယသို့ပြောင်းမည်