Unlist App တွေ App Store မှာတင်ခွင့်ပေးလိုက်တဲ့ Apple

အရင်တုန်းက iPhone သုံးသူတွေအနေနဲ့ Android သမားတွေလိုမျိုး Play Store မှာ မတင်ထားလည်း install လုပ်လို့ရတာမျိုးတွေမရှိပါဘူး။ iPhone သမားတွေအနေနဲ့ ကိုယ်သုံးချင်တဲ့ App တစ်ခုကို App Store မှာ List ဝင်မှ ဒေါင်းလုပ်ဆွဲပြီး တရားဝင်သုံးခွင့်ရှိပါတယ်။ App Developer အနေနဲ့ရော၊ User တွေပါ အတော်ဒုက္ခများတဲ့ကိစ္စပါ။ Third Party App တွေကို ကန့်သန့်ထားတာဖြစ်ပါတယ်။ ခုတော့ Apple အနေနဲ့ ဒီကန့်သန့်ချက်ကို ဖြေလျော့ပေးလိုက်ပါပြီ။

Developer အနေနဲ့ App တွေကို list မလုပ်ရသေးလည်း Direct Link တစ်ခုပေးပြီး App ကိုရယူနိုင်စေတော့မှာဖြစ်ပါတယ်။ List လုပ်မထားတဲ့ App တွေကို Public ကိုတော့ ပေးပြီးဒေါင်းလုပ်ပေးမှာမဟုတ်ပါဘူး။ ဒါ့အပြင် App Store Search bar၊ Charts၊ recommendations တွေကနေတစ်ဆင့်လည်း ရှာလို့တွေ့နိုင်မှာမဟုတ်ပါဘူး။ App Administrators တွေအနေနဲ့ကလည်း App တွေကို Apple Business Manager နဲ့ Apple School Manager ကနေ Download ခွင့်ပေးနိုင်မှာဖြစ်ပါတယ်။

နောက်ထပ်သတ်မှတ်ချက်တစ်ခုကတော့ Apple အနေနဲ့ Unlist App တွေကို လူတိုင်းအတွက်မဟုတ်ပဲ သတ်မှတ်ထားတဲ့ လူတွေကိုပဲ သုံးခွင့်ပေးဖို့ ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ ကျောင်းသားကျောင်းသူတွေ၊ ပွဲတစ်ခုခုအတွက် အရေးပေါ်လိုအပ်တဲ့ App လိုမျိုးတွေ၊ အဖွဲ့အစည်းတစ်ခုခုရဲ့ ဝန်ထမ်းတွေစတဲ့ လူတိုင်းအတွက်မဟုတ်ပဲ သတ်မှတ်ထားတဲ့ လူနည်းနည်းပါတဲ့ အဖွဲ့အစည်းတွေအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။ App တစ်ခုကို Unlist လုပ်ပြီး Link ထုတ်ချင်တယ်ဆိုရင် App Developer အနေနဲ့ Apple ကို ခွင့်ပြုချက်တောင်းရမယ်လို့ဆိုပါတယ်။

Apple Business Manager ဒါမှမဟုတ် Apple School Manager ပေါ်မှာ Private Download အနေနဲ့ Appleကခွင့်ပြုပေးလိုက်တာနဲ့ တစ်ခါတည်းပြီးသွားတာတော့မဟုတ်ပါဘူး။ App Developer အနေနဲ့ တစ်ခြား လုံခြုံရေးနဲ့ဆိုင်တဲ့ မေးခွန်းတွေ ဖြေဖို့လိုပါသေးတယ်။ App Stroe မှာ Public Download ရထားတဲ့ Developer တွေအနေနဲ့ကတော့ ဒီအဆင့်တွေကိုကျော်လို့ရတယ်လို့ဆိုထားပါတယ်။

Apple ကခွင့်ပြုလိုက်တာနဲ့ Unlist လုပ်ထားတဲ့ App က ရှိသမျှ Versionတွေအကုန် Unlist တွေဖြစ်ကုန်ပါတယ်။​ တစ်ကယ်လို့ Unlist လုပ်တဲ့ App က App Store မှာလည်းရှိတယ်ဆိုရင် သပ်သပ်ဖြစ်နေဦးမှာပါ။ Unlist App တွေကို နောက်ဆုံး Stable Version တွေကိုပဲ တင်ရမယ်လို့ဆိုပါတယ်။ Beta တွေ၊ Pre-release တွေလုပ်ခွင့် မရှိဘူးလို့ဆိုပါတယ်။

ဒီ Program ကြောင့် Pirated Games တွေ၊ လောင်ကစားဂိမ်းတွေ၊ တစ်ခြား တရားမဝင် App တွေပါဝင်လာနိုင်ချေရှိတာကိုတော့ သတိထားရမယ်လို့ Developer တွေက ပြောထားပါတယ် ။ ဒါပေမယ့် App တစ်ခုကို Unlist ပေးမလုပ်ခင် Apple အနေနဲ့ သေချာစစ်ဆေးပြီးမှ Unlist လုပ်ခွင့်ပေးမယ်လို့ သိရပါတယ်။ ဒါ့ကြောင့်လည်း Apple အနေနဲ့ Unlist App တွေကို လူတိုင်းအတွက်မဟုတ်ပဲ သတ်မှတ်ထားတဲ့ လူတွေကိုပဲ ပေးသုံးရခြင်းဖြစ်မယ်လို့ ထင်ရပါတယ်။

Apple အနေနဲ့ Enterprise App Program ဆိုပြီး တစ်ခုလုပ်ထားတာရှိပါသေးတယ်။ ဝန်ထမ်း ၁၀၀ ကျော်ရှိပြီး တရားဝင်မှတ်ပုံတင်ထားတဲ့ Company တွေမှာ App တွေကို App Store မှာတင်စရာမလို့ပဲ Company အတွင်း သုံးခွင့်ရအောင်လုပ်ပေးတဲ့ Programတစ်ခုပါ။ ဒါပေမယ့်နောက်ပိုင်းမှာ ဒီ Program ကနေပြီး Malware တွေနဲ့ Mod App တွေတင်တာမျိုးတွေ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်မို့ Apple အနေနဲ့ သူတို့ကိုယ်တိုင် Review လုပ်ပြီးသုံးခွင့်ပေးတဲ့ Unlist Program ကိုစတင်ခဲ့တယ်လို့ ထင်ရပါတယ်။

Ref: The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

AMD Ryzen 7 5700G APU တပ်ဆင်ထားတဲ့ MSI MAG Trident S mini Gaming Console

Next
Next

Samsung ရဲ့ February unpacked event မှာဘာတွေမိတ်ဆက်လာနိုင်မလဲ?