Samsung ရဲ့ February unpacked event မှာဘာတွေမိတ်ဆက်လာနိုင်မလဲ?

Feb 9 ရက်နေ့မှာမိတ်ဆက်မဲ့ Samsung unpack event မှာ သေချာတာတစ်ခုတော့ရှိပါတယ်။အဲ့တာကတော့ Samsung ရဲ့ S21 မျိုးဆက်သစ် S22 ကိုမိတ်ဆက်မှာပဲဖြစ်ပါတယ်။ Samsung ရဲ့ S series တွေဟာ Samsung ဖုန်းတွေထဲမှာ Spec အမြင့်ဆုံး Foldable ဖုန်းမဟုတ်တဲ့ Flagship ဖုန်းတွေပဲဖြစ်ပါတယ်။

9 ရက်နေ့ Samsung unpack ပွဲမှာ S22 တစ်ခုပဲမိတ်ဆက်တာသွားမှာလည်းဖြစ်ချင်ဖြစ်နိုင်ပါတယ်။ကောလဟာလတွေအရလည်း Tab S8 နဲ့ Tab S7 ကိုမိတ်ဆက်မယ်လို့လည်းသိရပါတယ်။ နောက်ပြီး Tablet အတွက် Ultra version ကိုလည်းထပ်မိတ်ဆက်ပေးဖို့လည်းဖြစ်နိုင်ပါတယ်။ Smart speaker အသစ်ဖြစ်တဲ့ Galaxy Home Mini 2 ကိုလည်းမိတ်ဆက်ပေးဖို့လည်းရှိပါတယ်။

Flagship အသစ် S22 series

ဒီနှစ်လည်းထုံးစံအတိုင်း S22 အတွက် S22, S22 plus , S22 ultra ဆိုပြီး သုံးမျိုးမိတ်ဆက်လာနိုင်ပါတယ်။ US version ကတော့ Snapdragon 8 Gen1 နဲ့လာနိုင်ပြီး တခြား Region တွေအတွက် Exynos 2200 နဲ့လာနိုင်ပါတယ်။ဒါပေမဲ့ဒီနှစ်အတွက် Snapdragon 8 Gen1 ကို Asia Region အတွက်ပါြဖန့်ချီလာနိုင်ပါတယ်။ Exynos 2200 ဟာ ပထမဆုံးအနေနဲ့ AMD graphic ပါဝင်လာတဲ့အတွက်သုံးကိုသုံးကြည့်သင့်တဲ့ Chipset လည်းဖြစ်ပါတယ်။ နောက်ပြီး S22 series တွေမှာ Ultrasonic Fingerprint sensor ပါဝင်လာမှာပါ။နောက်ပြီး Plus နဲ့ Ultra တို့အတွက် UWB (Ultra Wide Band) support ‌ပေးလာနိုင်ပါတယ်။ UWB ကတော့ Galaxy smart Tag တွေအတွက်ပါ။

WinFuture ရဲ့ Leak တွေအရ 120hz OLED display သေချာပေါက်ပါဝင်လာမှာဖြစ်ပြီးမနှစ်က S21 ဖုန်းတွေထက် 0.1 inches screen size ပိုသေးသွားမယ်လို့လည်းပြောနေကြပါတယ်။ Screen size က 6.1 inches နဲ့ 6.6 inches တို့အပြင် brightness က 1500 nits နဲ့ 1750 nits တို့ဖြစ်လာနိုင်ပြီးအရင်နှစ် S21 1300 nits ထက်ပိုများလာမှာပါ။ ဒီဇိုင်းပိုင်းက အ‌ရှေ့က Punch Hole နဲ့ Infinity Display ကသေချာပေါက်ပါလာမှာပါ။ Battery က 3700mAh နဲ့ 4500mAh နှစ်မျိုးအသီးသီးပါဝင်လာနိုင်ပြီး အရင်နှစ်က S21 ထက် ပိုပြီးပါးလာဖို့လည်းရှိပါတယ်။ အဲ့တော့ Battery life ကဘယ်လိုလာဦးမလဲမသိသေးပါဘူး။

S22 နဲ့ S22 plus အနေနဲ့ Design ပိုင်းမှာ အရင်နှစ်က Camera ဒီဇိုင်းပဲသုံးလာနိုင်ပြီးထောင့်ချိုးတွေကို အနည်းငယ်ဝိုင်းတဲ့ဒီဇိုင်းနဲ့ လာနိုင်ပါတယ်။ ဒါပေမဲ့ ထူးခြားတာတစ်ခုက S22 ultra မှာကင်မရာ Bump ကို လုံးဝဖျောက်ပစ်လာနိုင်ပြီး ကင်မရာလေးလုံး Periscope Zoom တို့သုံးလာနိုင်ပါတယ်။ S22 မှာတော့ လေးထောင့် ဆန်တဲ့ ဒီဇိုင်းဖြစ်နိုင်ပါတယ်။ S22 Ultra မှာ Stylus အတွက် S-Pen Slot လေးပါထည့်ပေးလာနိုင်ပါတယ်။ ဒါပေမဲ့ S22 အတွက် S-pen ကိုတော့သက်သက်ဝယ်ရမယ်ထင်ပါတယ်။ S22 ultra ကတော့ထုံးစံအတိုင်း Spec အမြင့်ဆုံးတွေပဲသုံးလာမှာဖြစ်တဲ့အတွက် 108 Megapixel Camera တော့သေချာပေါက်ပါလာမှာပါ။စျေးနှုန်းအနေနဲ့ကတော့ S22 ကဒေါ်လာ 985 , S22 plus က 1183 ဒေါ်လာ , S22 ultra က 1409 ဒေါ်လာနဲ့တို့အသီးသီးဖြစ်လာနိုင်ပါတယ်။

Ref: theverge

Author: Hein Htet

Previous
Previous

Unlist App တွေ App Store မှာတင်ခွင့်ပေးလိုက်တဲ့ Apple

Next
Next

ပထမဆုံး Full Screen, Bezel-less Gaming Phone ဖြစ်လာမယ့် REDMAGIC 7