AMD Ryzen 7 5700G APU တပ်ဆင်ထားတဲ့ MSI MAG Trident S mini Gaming Console

Micro Star International (MSI) အနေနဲ့ သူတို့ရဲ့ Console Product အသစ်တစ်ခုကို Twitter မှာ Tease လုပ်ထားပါတယ်။ ဒီProduct ကတော့ AMD Ryzen 7 5700G ပါဝင်တဲ့ Gaming Console ပဲဖြစ်ပါတယ်။

ဒီ Console ကို Twitter မှာတင်ထားတဲ့ Teaser အရ အချက်အလက် အများကြီးတော့ မသိရသေးပါဘူး။ Rumors တွေအရ MAG Trident S Console ကို Team Red's Ryzen 7 5700G APU တပ်ဆင်ပေးထားမယ်လို့သိရပါတယ်။ ဒီ APU မှာ Processing Unit ပေါင်း 8 Core ပါဝင်ပါတယ်။ ဒါ့အပြင် ဒီ Console ကို Compact ဖြစ်ပြီး သယ်ယူတဲ့နေရာမှာ ကျစ်လစ်ပြီး ပေါ့ပါးအောင် ဦးစားပေးဆောင်ရွက်ထားတယ်လို့ဆိုပါတယ်။

အလေးချိန်အနေနဲ့ ၅ပေါင်ခန့် (2.6 liters) လေးမယ်လို့သိရပါတယ်။ အကောင်သေးပေမယ့် အဆိပ်ပြင်းပါတယ်။ MAG Trident S မှာ တစ်ချိန်တည်း Screen 3 ခုကို တစ်ပြိုင်နက်တည်း Connect လုပ်နိုင်မယ်လို့ သိရပါတယ်။

ဒီဇိုင်းပိုင်းကိုပြောရရင်လည်း Trident S မှာ ကျစ်ကျစ်လစ်လစ်နဲ့ အဖြူ၊အနက် အရောင်နှစ်မျိုးစပ် Dual tone ဒီဇိုင်းဖြစ်ပါတယ်။ ဒါ့အပြင် အမှောင်ထဲမှာ Port တွေရှာရလွယ်အောင် LED မီးတွေ ထည့်ပေးထားသလို တစ်ခြား RGB Lighting တွေလည်း ပါဝင်မယ််လို့ သိရပါတယ်။ CPU ကို အကောင်းစား သုံးပေးထားပေမယ့် GPU ကိုတော့ သပ်သပ်ထည့်မပေးထားပေးပါဘူး။ ဒါ့ကြောင့် Graphics ပိုင်းဆိုင်ရာ ကန့်သန့်ချက်တွေ ရှိနိုင်ပြီး Performance ပိုင်းမှာ အနည်းငယ် လျော့ထားတာမျိုးတွေ ရှိမှာပါ။

MSI MAG Trident S မှာ CS:GO, Valorant, DOTA 2 နဲ့ တစ်ခြား Esports စာရင်းဝင် ဂိမ်းတွေအပြင် Streaming Game တွေဖြစ်တဲ့ GTA တွေလည်း ဆော့ကစားနိုင်မယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့ Pro-gamers တွေ၊ Professional Streamers တွေအတွက် ရွေးချယ်စရာဖြစ်လာဦးမလားဆိုတာ စောင့်ကြည့်ရပါမယ်။ လောလောဆယ်မှာတောာ့ တစ်ခြား အချက်အလက် အသေးစိတ်နဲ့ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။

MSI အနေနဲ့ ဒီ Console နဲ့ပတ်သတ်ပြီး သတင်းကို အတော်လေး ကန့်သတ်ထားတာမို့ ဘယ်လို Specifications, Designs အဆန်းတွေနဲ့ထွက်လာမလဲဆိုတာ တော်တော် Hype နေရပါတယ်။ ၂၀၂၀ နောက်ပိုင််းမှာ Console ဂိမ်းတွေအများစုက PC Desktop ပေါ်ကို ရောက်လာတာကြောင့် Console ဈေးကွက် လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ပါသေးတယ်။ MSI Trident အနေနဲ့ အောင်မြင်နိုင််မလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref : Gizmochina

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

တရုတ်မှာ ကာရာအိုကေမိုက်ကရိုဖုန်း ရောင်းနေတဲ့ Tesla

Next
Next

Unlist App တွေ App Store မှာတင်ခွင့်ပေးလိုက်တဲ့ Apple