Ukraine နိုင်ငံအတွင်းရှိ ရုရှားပိုင်မီဒီယာ Facebook အကောင့်များပိတ်ခံရ

Facebook အနေနဲ့ Ukraine နိုင်ငံအတွင်းရှိ ရုရှားပိုင်မီဒီယာ Facebook အကောင့်တော်တော်များများကို ပိတ်လိုက်ပါတယ်။ ထိုအကောင့် တော်တော်များများဟာ ရုရှားအစိိုးရက ထောာက်ပံ့နေတဲ့ သတင်းမီဒီယာတွေဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ Facebook ကို ရုရှားပိုင်မီဒီယာအကောင့်တွေကို ပိတ်ပေးဖို့ တစ်ခြားနိုင်ငံတွေလည်း တောင်းဆိုထားကြပါသေးတယ်။

"ကျွန်တော်တို့အနေနဲ့ ယူကရိန်းအစိုးရနဲ့ အဆက်အသွယ်ရထားပြီး ယူကရိန်းအစိုးရတောင်းဆိုထားတဲ့ ရုရှားပိုင်မီဒီယာတွေကို ပိတ်ပေးခဲ့ပါတယ်" လို့ Meta ရဲ့အပြည်ပြည်ဆိုင်ရာ နိုင်ငံခြားရေးရာတာဝန်ရှိသူ Nick Clegg ကပြောခဲ့ပါတယ်။ "ဒါ့အပြင် တစ်ခြားနိုင်ငံတွေက တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေကိုလည်း ဆွေးနွေးနေပါတယ်" လို့ပြောခဲ့ပါသေးတယ်။

ဒါ့အပြင် ယူကရိန်းနိုင်ငံသားတော်တော်များများက Facebook နဲဲ့ Instagram ကိုရုရှားနိုင်ငံကနေ အပြီးတိုင်ပတ်ဖိို့ တောင်းဆိုထားတာာတွေ ရှိိတယ်လို့ဆိုပါတယ်။ ဒီိလိုပိတ်ပင်လိုက်ရင် နောက်ဆက်တွဲတွေ ရှိလာနိုင်တာမို့ စဥ်စားနေတယ်ဆိုပါတယ်။ ရုရှားအနေနဲ့ Facebook က ရုရှားမီဒီိယာတွေကို Fact Checking လုပ်တာကိိုမရပ်ပေးလို့ဆိိုပြီး Facebook ကိုပိတ်ပင်တာမျိုးတွေလည်း အရင်ကရှိိခဲ့ဖူးပါတယ်။ ယူကရိိန်းကို စတင်ကျူးကျော်ကတည်းက Meta အနေနဲ့ သီတင်းမှားတွေမဖြစ်ရေး၊ ဝါဒဖြန့်တာလျော့ချရေးအတွက် သီးသန့်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

Facebook အနေနဲ့ ဖယ်ရှားလိိုက်တဲ့ အကောင့်တွေနဲ့ Page စာရင်းကို သီးသန့်ထုတ်ပြန်မထားသလို၊ ရုရှားမီဒီယာတွေကို ဖယ်ရှားဖို့တောင်းဆိုထားတဲ့ နိုင်ငံတွေကိုလည်း ထုတ်ပြန်ထားခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့စနေနေ့ကစလို့ ယူကရိန်းနိုင်ငံအတွင်းမှာရှိတဲ့ Facebook ပေါ်က ရုရှားမီဒီယာတွေကို Advertising နဲ့ Monetization ကိုပိတ်လိုက်ထားပြီး YouTube မှာလည်း ရုရှားအစိုးရထိန်းချုပ််နေတဲ့ Media တွေကိုငွေရှာခွင့်ပိတ်ထားပါတယ်။ EU ကလည်း ရုရှားနိုင်ငံရဲ့ ဝါဒဖြန့်မှုကို ထိန်းချုပ်ထားဖို့ တိုက်တွန်းနေပါသေးတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Donald Trump ရဲ့ Truth Social-Media ဆိုတာဘာလဲ?

Next
Next

Cryptocurrency နဲ့ အလျှူငွေလက်ခံနေတဲ့ ယူကရိန်း