Cryptocurrency နဲ့ အလျှူငွေလက်ခံနေတဲ့ ယူကရိန်း

လောလောဆယ်စစ်ဖြစ်နေတဲ့ ယူကရိန်းအနေနဲ့ Crypto ကိုသုံးပြီး အလှူခံနေတာ အလျှူငွေဒေါ်လာ ၁၅ သန်းခန့်ရရှိပြီဖြစ်ပါတယ်။ Decentralized autonomous organizations (DAOs) ကပြုလုပ်ထားတဲ့ ဒီ Funding မှာ NFTs တွေလည်း ရောင်းပြီး အလှူငွေထည့်ဝင်နေကြတယ်လို့သိရပါတယ်။ ယူကရိန်းအစိုးရရဲ့ Official Twitter အကောင့်မှာ "Bitcoin, Ether, Tether" တွေလက်ခံတယ်လို့ ရေးထားပါတယ်။

အရင်တုန်းက ခုလိုမျိုးကိစ္စတွေမှာ Bank တွေကနေတစ်ဆင့်အလှူခံကြပါတယ်။ ခုလို Crypto တွေခေတ်စားနေချိန်မှာတော့ ယူကရိန်းလို နည်းပညာထွန်းကားတဲ့ နိုင်ငံအနေနဲ့ ခေတ်ရေစီးကြောင်းကို အမှီလိုက်ပြီး ခုလိုအကူညီယူတာပဲဖြစ်ပါတယ်။ Stable Coin ဖြစ်တဲ့ Tether ဆိုရင် လောလောဆယ် ယူကရိန်းမှာ အလွန်အသုံးများနေတဲ့အတွက် ဈေးတွေတက်နေပါတယ်။ ခုလိုအခြေအနေမှာ နိုင်ငံငွေကြေးကို ယုံကြည်လို့မရသလို၊ ကိုင်သုံးလို့ရတဲ့ ငွေကြေးစာရွက်တွေကိုလည်း မယုံရသေးပါဘူး။ ဒါကြောင့်မို့ ယူကရိန်းအနေနဲ့ Crypto ကိုသုံးရတယ်လို့ပြောထားပါတယ်။

ယူကရိန်းဟာ နည်းပညာတိုးတက်တဲ့ နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံတစ်ဝန်း ကျွမ်းကျင်သူနည်းပညာသမား ၂ သိန်းကျော်ရှိပါတယ်။ ဒါ့ပြင် IT လုပ်ငန်းကနေပဲ မနှစ်က ငွေကြေး 6.8 billions ဝင်ခဲ့ပါတယ်။ ၂၀၂၁ ကစပြီးလည်း Bitcoin နဲ့ crypto ကို နိုင်ငံတရားဝင်ငွေကြေးတစ်ခုအဖြစ် တရားဝင်သတ်မှတ်ပေးခဲ့ပတယ်။ Global Crypto Adoption Index မှာလည်း စတုတ္ထနေရာမှာရှိပြီး တစ်နှစ်ကို $8 billion ရှိတဲ့ Crypto စီးဆင်းနေပါတယ်။ နိုင်ငံအတွင်းက လူတွေအတော်များများကလည်း crypto ကိုစိိတ်ဝင်စားကြပြီး crypto နယ်ပယ်ကမဟုတ်တဲ့ သူတွေပါ ဒီအကြောင်းကိုလေ့လာနေတာတွေ ရှိခဲ့တယ်လို့လည်း ယူကရိန်းနည်းပညာဝန်ကြီး Alexander Bornyakov ကပြောကြားခဲ့ဖူးပါတယ်။


လောလောတယ် နိုင်ငံတစ်ကာမှာ ယူကရိန်းအတက် တတ်နိုင်သလောက်ကူညီဖို့ လှုံဆော်နေကြပြီး Ethereum ကိုတည်ထောင်သူ Vitalik Buterin ကိုယ်တိုင်ဦးဆောင်ပြီး Twitter မှာ ဒီစစ်ပွဲဟာ လူမဆန်ကြောင်း ရှုတ်ချပြီး Crypto Funding တစ်ခုကို ဦိးဆောင်ပြီး လုပ်နေပါတယ်။ ဒါ့အပြင် NFT/Web3 artists တွေစုပေါင်းထားတ့ လူသားခြင်းကူညီရေးအဖွဲ့ကလည်း Fundrising တစ်ခုကိုပြုလုပ်နေပြီး Cryptocurrency exchange FTX ကုမ္ပဏီ CEO က ယူကရိန်းနိုင်ငံသားတစ်ယောက်တိုင်းကို $25 ကျပ်တန်ဖိုး FTX တွေပေးမယ်လို့ကြေငြာခဲ့ပါတယ်။

ဒါ့အပြင် Twitter မှာလည်း Elon Musk ကို ယူကရိန်းနိုင်ငံအတွက် Starlink Service တွေဖွင့်ပေးဖို့ ယူကရိန်းဝန်ကြီးက Tweet ခဲ့ပြီိးမကြာခင်မှာပဲ Elon Musk က ယူကရိန်းအတွက် Starlink ကိုသုံးဖို့ဖွင့်ပေးလိုက်ပြီ ဖြစ်ကြောင်းနဲ့ ပိုကောင်းနဲ့ ဆက်သွယ်မှုရဖို့ Satellite တွေလာနေပြီဖြစ်ကြောင်း ပြန်ပြီး Tweet ခဲ့ပါတယ်။ ယူကရိန်းနိုင်ငံကို Cyber Attack လုပ်ပြီး ဆက်သွယ်ရေးဖြတ်ဖို့လုပ်နေတဲ့ ရုရှားအတွက်တော့ အိမ်မက်ဆိုးပါပဲ။

Ref : NY Times

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Ukraine နိုင်ငံအတွင်းရှိ ရုရှားပိုင်မီဒီယာ Facebook အကောင့်များပိတ်ခံရ

Next
Next

Cyber တိုက်ခိုက််မှုပါဝင်လာနိုင်မယ့် Ukraine Vs Russia စစ်ပွဲ