Donald Trump ရဲ့ Truth Social-Media ဆိုတာဘာလဲ?

အမေရိကန်သမ္မတဟောင်း Donald Trump ရဲ့ Social Media ဖြစ်တဲ့ Truth Social Media ကို Feb 21 ရက်နေ့ကထုတ်လွှတ်ခဲ့ပါတယ်။ Facebook တို့ Twitter တို့နဲ့အမြဲလိုလိုပြဿနာဖြစ်ခဲ့တဲ့ Donald Trump အနေနဲ့ သမ္မတရာထူးက အနားယူပြီးနောက်ပိုင်းမှာ သူရဲ့ကိုယ်ပိုင် Social Media ကိုစတင်ခဲ့တာဖြစ်ပါတယ်။ Trump ဟာ Facebook တို့ Twitter တို့ကို ဆင်ဆာဖြတ်တောက်မှုတွေကြောင့်အမြဲလိုလို စွပ်စွဲခဲ့တာဖြစ်ပါတယ်။ 2021 ခုနှစ်မှာတော့ Trump ကို US မြို့တော်မှာ ဖြစ်ခဲ့တဲ့ ‌သောင်းကျန်းမှုတွေမှာလှုံ့ဆော်မှုအနေနဲ့ Social media အများစုက Donald Trump ရဲ့ အကောင့်တော်တော်များများကိုဖြုတ်ချခဲ့ပါတယ်။ အဲ့ကနေစပြီး Trump ဟာသူ့ရဲ့ကိုယ်ပိုင် Social Media လုပ်ငန်းစုကိုတည်ထောင်မယ်ဆိုပြီးကတိပေးခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ကုမ္ပဏီကို လွတ်လပ်စွာပြောဆိုပိုင်ခွင့် ဆိုတဲ့ မှုနဲ့စတင်ခဲ့တာဖြစ်ပြီး Trump media & Technology Group (TMTG) ကိုတည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။

သမ္မတဟောင်း Trump ကတော့ ကျွန်တော်တို့ရဲ့ အဓိကပန်းတိုင်ကတော့ လူထုရဲ့အသံကိုလူထုကိုပြန်လည်ပေးအပ်ဖို့ပါလို့ TMTG ရဲ့ President ဖြစ်လာသူ Donald Trump ကပြောပါတယ်။ ဒီ App ကပေးနိုင်တာကတော့ တစ်ချို့ Silicon Valley က Social media တွေလိုမျိုးမဟုတ်ပဲ လူတွေဘယ်လိုစဉ်စားနေလဲချုပ်ကိုင်မှာမဟုတ်တဲ့အပြင် ဘယ်သူတွေကတော့ Platform ပေါ်မှာမရှိသင့်ဘူးဆိုတာမျိုးလည်းလုပ်မှာ မဟုတ်ပါဘူး”လို့ပြောခဲ့ပါတယ်။

What is exactly the truth social media

Truth Social app ဟာ စမ်းသပ်ဆဲကာလမှာ တစ်ချို့ဖုန်းတွေမှာရရှိနေပြီဖြစ်ပြီး Apple app store ပေါ်ကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့တစ်ချို့နိုင်ငံတွေမှာတော့ မရောက်ရှိသေးပါဘူး။ အဲ့ App က တစ်ခဏအတွင်းမှာပဲ Download အဆွဲဆုံး Free social network app တစ်ခုဖြစ်သွားပါတယ်။ ဒါပေမဲ့ နည်းပညာပိုင်းအားနည်ချက်တွေတော့ရှိပါသေးတယ်။

အစောပိုင်းအသုံးပြုကြတဲ့လူတွေရဲ့ပြောကြားချက်အရ account create လုပ်တဲ့အခါမှာ error Message တွေအများကြီးရခဲ့တယ်လို့ဆိုပါတယ်။ Application ရဲ့ Term and condition Page တစ်ခုလုံးလည်း ကျသွားခဲ့ပါတယ်။ Trump ရဲ့ ‌Truth Social ပေါ်က account ဟာ 500,00 Followers ကနေ တစ်ရက်အတွင်းမှာ 600,000 ကျော်အထိဖြစ်သွားပါတယ်။ Trump ရဲ့ ပထမဆုံး Truth social ပေါ်က post ကတော့ “Get Ready! Your favorite President will see you soon” ဆိုပြီးတင်ခဲ့ပါတယ်။ ဒါပေမဲ့ truth social ဟာ Social media giant တွေဖြစ်တဲ့ Facebook တို့ Twitter တို့လို ပုံမှန်အသုံးပြုသူတွေများလာအောင်နှစ်ပေါင်းများစွာအချိန်ယူပြီးတည်ဆောက်ရဦးမှာဖြစ်ပါတယ်။

Truth social ရဲ့ အဓိက Selling point ကတော့ ဆင်ဆာဖြတ်တောက်ခြင်းမရှိတာလို့ ကျွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်။ UI နဲ့ Interface က Twitter နဲ့တော်တော်‌လေးဆင်တူပြီး Trump ကတော့ Truth social ပေါ်က ပထမဆုံး Post ကို Twitter ပေါ်ပြန်ရှဲထားပါတယ်။ Truth social ရဲ့ layout တွေကအစ Twitter နဲ့တော်တော်ဆင်တူပြီး Labels တွေကိုတော့ပြောင်းထားပါတယ်။ ဥပမာ Tweets နေရာမှာ Truth လို့အစားထိုးထားပြီး Retweet နေရာမှာ Re-truths လို့ပြောင်းထားပါတယ်။ Trump ရဲ့ social platform ဟာ Twitter နဲ့တော်တော်ကြီးဆင်တူနေလို့ Copyright action ယူလို့တော့ရပေမဲ့ Twitter ကတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာမှမပြောသေးပါဘူး။

Author: Hein Htet

Ref: The Guardian

Previous
Previous

USB-C ပါဝင်သည့် iPhone 12 Pro Max ရောင်းချသွားမည်

Next
Next

Ukraine နိုင်ငံအတွင်းရှိ ရုရှားပိုင်မီဒီယာ Facebook အကောင့်များပိတ်ခံရ