Ukraine နိုင်ငံသားတွေရဲ့ Data တွေ Telegram မှာလုံခြုံတယ်လို့ဆို

Telegram ရဲ့ Founder ဖြစ်သူ Billionaire တစ်ယောက်လည်းဖြစ်တဲ့ Pavel Durov ဟာ ရုရှားနိုင်ငံသားဖြစ်ပြီး လောလောဆယ် Dubai မှာနေထိုင်နေတာဖြစ်ပါတယ်။ သူဟာ ရုရှားနိုင်ငံသားဖြစ်တာကြောင့် ခုဖြစ်နေတဲ့ စစ်ပွဲမှာ ရုရှားကို ကူညီနိုင်တယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေရှိနေပါတယ်။ Telegram ဟာ Ukarine နိိုင်ငံသားတွေ အသုံးအပြုဆုံး Messsaging App တစ်ခုဖြစ်ပါတယ်။ ဒီလိုစွပ်စွဲချက်တွေကို ပြိုင်ဖက် ကုမ္ပဏီတွေဆီက ထွက််လာတာလည်းဖြစ်ပါတယ်။

ဒါ့ပေမယ့် Telegram Post တစ်ခုမှာတော့ Ukraine နိုင်ငံသားတွေအနေနဲ့သူတို့ Dataတွေနဲ့ပတ်သတ်ပြီး မစိုးရိမ်ဖို့နဲ့ Telegram အသုံးပြုသူတွေနဲ့ တစ်သားတည်းရှိကြောင််း Pavel ရေးသားထားပါတယ်။ Security နားလည်သူတစ်ချို့ကတော့ ​Data တွေနဲ့ပတ်သတ်ပြီး စိုးရိမ်နေရကြောင်း ရေးသားထားပါသေးတယ်။

Signal ရဲ့ Encrypted Systemကိိိုတီထွင်တဲ့ Moxie Marlinspike ကတော့ Telegram အနေနဲ့ Encrypted လုပ်တယ်လို့ဆိုထားပေမယ့် Users' Data တွေကို တစ်ကယ်တမ်းတော့ Cloud မှာ Plaintext နဲ့ပဲသိမ်းထားတယ်လို့ Twitter မှာရေးသားထားပါတယ်။ Telegram အနေနဲ့ Data တွေကို Cloud မှာ Encrypted လုပ်ပြီး သိမ်းတယ်ဆိုပေမယ့် End-to-end encryption ကိုတော့ တစ်ချို့ လုပ်ဆောင်ချက်တွေမှာ မပါဝင်ဘူးလို့ဆိုပါတယ်။

Telegram ရဲ့ End-to-end encrypted လုပ်ထားတဲ့ Secret chats တွေ၊ Voice Calls တွေဟာ ကြားဖြတ်ဖို့မလွယ်ပါဘူး။ ဒါပေမယ့် သိမ်ထားတဲ့ Data တွေကိုတော့ ကုမ္ပဏီအနေနဲ့ ဝင်ကြည့်လို့ရပါသေးတယ်။ ဒါ့ကြောင့် Russia အနေနဲ့ ကုမ္ပဏီကို ဖိအားပေးပြီး Data တွေခိုးယူနိုင်တယ်လို့ ယူဆချက်တွေ ပြန့်နေတာဖြစ်ပါတယ်။ အဆိုပါကောလဟာလ မယုံဖို့နဲ့ အသုံးပြုသူတွေနဲ့ အမြဲရပ်တည်သွားမယ်လို့ Pavel က Twitter မှာရေးသားထားပါတယ်။

Twitter Post မှာ " ကျွန်တော်အနေနဲ့ လွန်ခဲ့တဲ့ ၉ နှစ်တုန်းက ယူကရိန်းနိုင်ငံသားတွေရဲ့ ဒေတာတွေကိုရုရှားအစိုးရ လက်ထဲ ပေးဖို့ငြင်းဆန်ခဲ့လို့ ကုမ္ပဏီလည်း ဖျက်သိမ်းခံရပြီး နယ်လည်းနှင်ခံခဲ့ရပါတယ်။ ခုတစ်ကြိမ်လည်း ဒါမျိုးထပ်ကာကွယ်ဖို့ ဝန််မလေးဘူး" လို့ရေးသားထားပါတယ်။

ရုရှားနဲ့ ယူကရိန်း ၂၀၁၄ စစ်ပွဲတုန်းက ရုရှားအစိုးရက Telegram ကို ယူကရိန်းပြည်သူတွေရဲ့ ဒေတာတွေပေးဖို့တောင်းဆိုတာ ငြင်းဆန်လို့ Telegram ကိုရုရှားမှာဖျက်သိမ်းခဲ့ပြီး Telegram Founder Pavel လည်း Dubai ကိုထွက်ပြေးခဲ့ရပါတယ်။

Ref : BBC

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Stories တင်လို့ရမယ့် Signal

Next
Next

Features အသစ်တွေပါလာမယ့် iMovie