Features အသစ်တွေပါလာမယ့် iMovie

Apple အနေနဲ့ "Peek Performance" event မှာ iMovie အတွက် Features အသစ် ၂ခုကို ထုတ်ပြသွားခဲ့ပါတယ်။ Magic Movie နဲ့ Storyboards လို့ခေါ်တဲ့ Features ၂ ခုဖြစ်ပါတယ်။

Magic Movie နဲ့ဆိုရင် အသုံးပြုသူအနေနဲ့ Album တစ်ခုကိုရွေးချယ်ပေးလိုက်ယုံနဲ့ AI ကအလိုအလျောက် Album ထဲမှာရှိတဲ့ ပုံတွေကို ရွေးချယ်ပြီး သင့်တော်ရာ Footage တွေကို ဖြတ်ညှပ်ကပ်လုပ်ပြီး Video တစ်ခုပြုလုပ်ပေးမှာဖြစ်ပါတယ်။ Video ကိုလည်း မတူညီနဲ့ Style 20 နဲ့ပြုလုပ်ပေးမှာဖြစ်ပြီး လိုက်ဖက်တဲ့ အသံတွေလည်း ထည့်ပေးမယ်လို့ဆိုပါတယ်။

Storyboards ကတော့ Storytelling နဲ့ ပတ်သတ်တဲဲ့ Video တွေကို Template တွေကြိုထုတ်ပေးထားမှာဖြစ်ပြီး မိမိပြုလုပ်ချင်တဲ့ Content နဲ့ကိုက်ညီတဲ့ Storyboards Template ကိုယူသုံးပြီး Video တွေပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Storyboards ကိုသုံးပြီးရင် Photo Library ထဲကို Saveပြီး သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ မျှဝေလို့ရပါသေးတယ်။

ဒီ Features တွေ iMovie ကို April လအတွင်းမှာသုံးလို့ရမယ်လို့ Apple ကပြောထားပြီး Date အတိအကျကိုတော့ ကြေငြာခြင်းမရှိသေးပါဘူး။

တစ်ခြားဖုန်းတွေ Chipset Crisis ကြောင့် Chipset တွေမလောက်ငဖြစ်နေချိန်မှာ Apple အနေနဲ့ အရောင်တွေပါပြောင်းပြီး ထုတ်နေတာ တစ်ခြားကုမ္ပဏီတွေကို နောက်နေတာလားလို့တောင်မေးရပါမယ်။ နောက်တစ်ခုကတော့ တစ်ချို့ Android ဖုန်းတွေ Software Update ပေးဖို့ရုန်းကန်နေရချိန်မှာ Apple ကတော့ Features အသစ်တွေ ဆက်တိုက်ထုတ်နေပါတယ်။

Ref : Gsmarena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Ukraine နိုင်ငံသားတွေရဲ့ Data တွေ Telegram မှာလုံခြုံတယ်လို့ဆို

Next
Next

မကြာခင်ထွက်လာမယ့် Nothing ဖုန်း ​Leaks Design