Stories တင်လို့ရမယ့် Signal

Snapchat ကစလိုက်တဲ့ Disappearing Stories တွေဟာ အရမ်းအောင်မြင်သွားပြီးတဲ့နောက် ရှိသမျှ Social Media တွေဟာ Stories လိုက်ထည့်ကြပါတော့တယ်။ Twitter, WhatsApp, Google, Venmo လို App တွေတောင်ပါလာပါတယ်။ အချိန်တစ်ခုရောက်တာနဲ့ သူ့ဟာသူပျက်သွားတဲ့ Storiesတွေဟာ အသုံးပြုသူတွေအကြိုက်တွေခဲ့ပြီး အသုံးပြုသူတွေများလာပါတယ််။ ဒါ့ကြောင် Secure Messaging App ဖြစ်တဲ့ Signal အနေနဲ့ Story ပါလာတော့မှာဖြစ်ပါတယ်။

XDA မှာရှိတဲ့ Developer တွေအနေနဲ့ နောက်ဆုံးထွက်ထားတဲ့ Signal ကို Teardown လုပ်ကြည့်တဲ့အခါ Stories ထည့်ဖို့အတွက် ပြင်ဆင်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် Stories တွေကို လက်ခံသူက ကြည့်ပြီးတာနဲ့ အလိုအလျောက်ပျက်စီးသွားမယ်လို့ဆိုလိုပါတယ်။ Instagram, Snapchat တို့နဲ့လုပ်ဆောင်ချက်ခြင်း အတူတူပဲဖြစ်ပါတယ်။

Signal Stories မှာ ဘယ်သူတွေ၊ ဘယ်ဂရုတွေကိုတော့ Stories မြင်ခွင့်ပေးမယ်ဆိုတာမျိုးတွေ သတ်မှတ်လို့ရပြီး Viewer တွေက react ပေးတာမျိုးတွေ၊ Direct Message ပေးတာမျိုးတွေ ပြလုပ်လို့ရမယ်ဆိုပါတယ်။ တစ်ကယ်လို့ React ပေးတာ Message ပို့တာမျိုးတွေ မလိုချင်ဘူးဆိုရင်လည်း ပိတ်ထားလို့ရပါသေးတယ်။

Signal Stories မှာ Link ထည့်တာမျိုးတွေ၊ Gif တွေ၊ Emoji တွေ၊ စာထည့်တာတွေ ကိုယ်ကြိုက်သလို Edit လုပ်လို့ရမယ့် လုပ်ဆောင်ချက်တွေလည်းပါဝင်ပါတယ်။ Stories တွေဟာ ၂၄ နာရီပြီးတာနဲ့ပျောက််သွားမှာဖြစ်ပြီး တစ်ကယ်လို့ Stories ကိုမသုံးချင်ဘူးဆိုရင်လည်း လုံးဝပိတ်ထားလို့ရပါတယ်။

အထက်ပါ Stories နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေက တစ်ကယ်လို့ အပြင်မှာထွက်လာတဲ့အခါ ကွဲပြားနေနိုင်ပါသေးတယ်။ အပြင်မှာ Product ထွက်လာတဲ့အခါ ကွဲပြားမှုတွေလည်းရှိနေနိုင်သေးတယ်လို့ XDA က Post တစ်ခုမှာတင်ထားပါတယ်။ မကြာခင်မှာ Beta Program ထွက်လာမှာနိုင်ပြီး ဒါမှမဟုတ် တိုက်ရိုက်ပဲ တည်နေရာအကန့်အသတ်နဲ့ပေးသုံးမလားဆိုတာ စောင့်ကြည့်ရပါမယ်။

Ref : AndroidPolice

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

“ဝယ်ရင်မှန်၊ သုံးရင်တန်” စေမည့် ဘက်စုံသုံးနိုင်သော realme 9i စမတ်ဖုန်းသစ်ကို လာမည့် မတ်လ (၁၇) ရက်တွင် တရားဝင်မိတ်ဆက်ပေးသွားမည်

Next
Next

Ukraine နိုင်ငံသားတွေရဲ့ Data တွေ Telegram မှာလုံခြုံတယ်လို့ဆို