Cyber တိုက်ခိုက််မှုပါဝင်လာနိုင်မယ့် Ukraine Vs Russia စစ်ပွဲ

Feb 23 ရက်နေ့ ၊ ဗုဒ္ဓဟူးနေ့ ညက ရုရှားအနေနဲ့ စစ်တပ်တစ်တပ်လုံးနီးနီး အင်အားသုံးပြီး ယူကရိန်းရဲ့ မြောက်၊ တောင်၊ အရှေ့ဖက် နယ်စပ်တွေကနေတစ်ဆင့်ဝင်ရောက်လာခဲ့ပါတယ်။ ကျူးကျော်စစ်စတင်လာတာနဲ့ တစ်ပြိုင်နက် Russia Media တွေကလည်း စစ်မြေပြင်ကနေ ဖြစ်ရပ်တွေကို တိုက်ရိုက်ထုတ်လွှင့်ပြီး မြေပြင်မှာဖြစ်ပျက််နေတဲ့ ဖြစ်ရပ်တွေကို ဖုံးကွယ်ဖို့နဲ့၊ ဝါဒဖြန့်တာတွေပြုလုပ်ဖို့ ကြိုးစားလာပါတယ်။

ခုလိုပိုမိုတင်းမာလာတဲ့ အခြေအနေအရ ယူကရိန်းနိုင်ငံသားတွေအနေနဲ့ နိုင်ငံပိုင် အင်တာနက် Infrastructure ပါထိခိုက်ပြီး တစ်နိုင်ငံလုံး အင်တာနက်ပြတ်တောက်သွားမှာ စိုးရိမ်နေကြပါတယ်။ ရုရှား အနေနဲ့ အရင်ကလည်း အစိုးရကိုယ်တိုင် Hacker တွေကို လက်သပ်မွေးထားပြီး Cyber Attack တွေလုပ်လေ့ရှိပါတယ်။ လောလောလတ်လတ်လည်း ယူကရိန်းအစိုးရကို DDoS Attack လုပ်ထားတာမျိုးရှိခဲ့ပြီး ခုလိုအခြေအနေမျိုးမှာ Physical လက်နက်တွေ၊ Cyber Attackတွေလုပ်ပြီး တစ်နိုင်ငံလုံး ဆက်သွယ်ရေးဖုန်းလိုင်းစနစ်တွေနဲ့ အင်တာနက်တွေကိုဖြတ်တောက်ကာ တစ်နိုင်ငံလုံးကို သတင်းအမှောင်ဖုံးဖို့ ကြံစည်နေနိုင်တယ်လို့ သတင်းတွေမှာ ဆိုပါတယ်။

ကနဦး ကျုးကျော်ဝင်ရောက်မှု စတင်ကတည်းက ယူကရိန်းနိုင်ငံရဲ့ အင်တာနက် အမြန်နှုန်းတွေ ကျသွားတယ်လို့သိရပါတယ်။ လောလောဆယ်မှာတော့ လိုင်းမရတာတွေ၊ လိုင်းနှေးတာတွေဟာ မြို့တော် Khariv ကိုအခြေပြုပြီး ပတ်ဝန်းကျင်တစ်ဝိုက်မှာ ဖြစ်နေတာပါ။ ရုရှားနိုင်ငံနယ်စပ်နဲ့ ၂၅မိုင်ပဲဝေးပြီး ယူကရိန်းမှာ ဒုတိယ လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ မြို့တော် Khariv မှာ တိုက်ခိုက်ခံရမှုတွေ အဓိကဖြစ််ပေါ်နေပြီး ဆက်သွယ်ရေးလိုင်းတွေဟာ အချိန်နဲ့အမျှ ပြတ်တောက်မှု ပိုများလာတယ်လို့သိရပါတယ်။ လိုင်းပြတ်တောက်မှုတွေဟာ မြို့တော် Khariv နဲ့ ယူကရိန်းမှာ လူသုံးများတဲ့ Triolan ဆိုတဲ့ ISP မှာအဓိကဖြစ်ပေါ်နေတယ်လို့ Internet Outage Detection and Analysis (IODA) Project ကိုလုပ်ဆောင်နေတဲ့ Georgia Tech ကထုတ်ပြန်ပါတယ်။

ဖုန်းဝန်ဆောင်မှုတွေရနေသေးပေမယ့် အင်တာနက်ကတော့ ရတစ်ချက် မရတစ်ချက်ဖြစ်နေပြီး Triolan ရဲ့ Website မှာလည်း အသုံးပြုသူတွေကို ခုလိုဖြစ်နေတာတွေကို တောင်းပန်ထားပါတယ်။ အသုံးပြုသူတွေကို လောလောဆယ်အခြေအနေမှာ dns 1.1.1.1 နဲ့ 8.8.8.8 တွေကို အသုံးပြုဖို့ တိုက်တွန်းထားပြီး အချိန်နဲ့တစ်ပြေးညီ အင်တာနက်တွေပြန်ရဖို့ ကြိုးစားနေပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ဖြစ်ရာဒေသတွေက ယူကရိန်းနိုင်ငံသားတွေ ရိုက်ယူထားတဲ့ Video တွေကနေတစ်ဆင့် ရုရှားအနေနဲ့ သတင်းစီးဆင်းမှုဖြတ်တောက်ရေးနဲ့ ဝါဒါဖြန့်ချီမှုလုပ်ဖို့အတွက် နိုင်ငံပိုင် Media အဆောက်အဦးတွေ၊ Telecom တာဝါတွေကိလည်း ပစ်မှတ်ထားပြီး တိုက်ခိုက်ခံရမှုတွေပါဝင်နေသေးတယ်လို့ဆိုပါတယ်။ အင်တာနက်ပြတ်တောက်ပြီး သတင်းစီဆင်းမှု မရှိချိန်မှာ လူအခွင့်အရေးချိုးဖောက်ခံရမှုတွေ ဖြစ်လာနိုင်တာမို့ စစ်ဖြစ်ရာဒေသတွေမှာ အင်တာနက်ရရှိဖို့လိုတယ်လို့ လူအခွင့်အရေး အဖွဲ့အစည်းတွေက ပြောကြားထားပါတယ်။

Ref : CNN

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Cryptocurrency နဲ့ အလျှူငွေလက်ခံနေတဲ့ ယူကရိန်း

Next
Next

AirTag ကို တရားမဝင်သည့် နည်းများဖြင့် မသုံးရန် Apple သတိပေး