AirTag ကို တရားမဝင်သည့် နည်းများဖြင့် မသုံးရန် Apple သတိပေး

မနှစ်က Apple ရဲ့ AirTag တွေအနေနဲ့ မိတ်ဆက်ပြီးတဲ့နောက်မှာ လူအများစိတ်ဝင်စားခဲ့ပါတယ် ဒီပစ္စည်းရဲ့ရည်ရွယ်ချက်ကလည်း ရှင်းပါတယ်။ မကြာခဏ ပျောက်ရှနိုင်တဲ့ သော့လိုမျိုး၊ USB Stick လိုမျိုးတွေမှာ ချိတ်ထားပြီး ရှာဖွေဖို့ လွယ်ကူစေအာင် တီထွင်ထားတာပါ။ AirTag ကို GPSနဲ့ Crowd Sourcing နည်းပညာကိုအသုံးပြုပြီး Find My App ကနေတစ်ဆင့် ရှာဖွေနိုင်အောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။


ဒါပေမယ့် လူတစ်ချို့ကတော့ AirTag ကို လွဲမှားစွာအသုံးပြုနေကြပါတယ်။ ခုလောလောဆယ်မှာ Air Tags ကိုသုံးပြီးသူစိမ််းတွေကို ခြေရာခံတဲ့ဖြစ််ရပ်တွေ ဖြစ်ပွားလျက်ရှိတယ်လို့ Appleကို တိုင််ထားတာတွေရှိတယ်လို့ သိရပါတယ်။ Apple အနေနဲ့ကတော့ ဒီလိုကိစ္စတွေဖြစ်လာနိုင်တယ်ဆိုတာကို ကြိုတင်စဥ်းစားထားပြီးသားပါ။ ဒါကြောင့် Apple အနေနဲ့ အသုံးပြုသူတွေကို တရားဥပဒေအရ တရားမဝင်တဲ့ လုပ်ရပ်တွေမှာ မသုံးကြဖို့ တိုက်တွန်းထားပါတယ်။

MacRumors ကပြောထားတဲ့အချက်တွေအရ Stalking လုပ်တာကို တားဆီးဖို့အတွက် Apple အနေနဲ့ iOS 15.4 Beta Update မှာ AirTag ကို ကိုယ်တိုင်အတွက်အသုံးပြုနိုင်ပေမယ့် တစ်ဖက်သားဆန္ဒမပါပဲ ခြေရာခံတာမျိုးလုပ်တာဟာ ဥပဒေအရ တရားစွဲခံရနိုင်ကြောင်း သတိပေးထားတယ်လို့ ဆိုပါတယ်။

AirTag ကိုအသုံးပြုပြီး ကိုခြေရာခံတာမျိုး၊ သူစိမ်းရဲ့ကားတွေ၊ Celebrity ရဲ့ကားတွေကို ခြေရာခံတဲ့ ဖြစ်ရပ်တွေဖြစ်နေပါတယ်။ တစ််ကယ်လို့ ကိုယ်ပိုင်ဆိုင်တဲ့ AirTag မဟုတ်ပဲကိုယ့်ဆီမှာပါလာရင်် AirTag ရဲ့နောက်ကျောကို နာရီလက်တံပြောင်းပြန်လှည့်၊ Battery ကိုထုတ်ပြီး ပိတ်ပစ်ဖို့ အကြံပြုတယ်လို့လည်း MacRumors မှာရေးသားထားပါတယ်။ Apple ကလည်း ကိုယ့်အနားမှာ AirTag နဲ့ခြေရာခံနေတာ ရှိသလားဆိုတာကို စစ်နိုင်တဲ့ Android App ထုတ်ပေးထားပြီီး လိုအပ်ရင် Disable ပါလုပ်ပေးတဲ့ လုပ်ဆောင်ချက်ပါဝင်ပါတယ်။

Apple အနေနဲ့ AirTag ကိုမိတ်ဆက်တုန်းက သူစိမ်းတစ်ယောက်ယောက်က AirTag ကိုသုံးပြီး ကိုယ့်ကိုခြေရာခံလို့မရအောင် ကိုယ်ရဲ့ Apple ID နဲ့မချိတ်ထားတဲ့ AirTag တစ်ခုက ကိုယ့်နောက်ကို အချိန်အကြာကြီး လိုက်နေမယ်ဆိုရင် သတိပေးတဲ့ စနစ်ထည့်သွင်းတယ််လို့ ကြေငြာခဲ့ပါသေးတယ်။

Ref : MacRumors

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Cyber တိုက်ခိုက််မှုပါဝင်လာနိုင်မယ့် Ukraine Vs Russia စစ်ပွဲ

Next
Next

ပြိုင်ဖက် Platform တွေကို နောက်ကွယ်ကနေ ချောက်ချတယ်လို့ စွပ်စွဲခံနေရတဲ့ OnlyFans