UK အစိုးရဝန်ထမ်းများဖုန်းတွင် TikTok မသုံးရေး UK အစိုးရကန့်သတ်

တရုတ်နိုင်ငံအခြေစိုက် TikTok App ကို UK အာဏာပိုင်တွေက လုံခြုံရေးအကြောင်းပြလို့ အစိုးရဝန်ထမ်းတွေအနေနဲ့ TikTok မသုံးကြဖို့ တားမြစ်လိုက်ပါတယ်။ UK အနေနဲ့ TikTok ဟာ အသုံးပြုသူတွေရဲ့ Data တွေကို တရုတ်အစိုးရကိုပေးလိုက်မှာ စိုးရိမ််နေတာဖြစ်ပါတယ်။

TikTok ကတော့ အဆိုပါယူဆချက်ကို အခိုင်အမာငြင်းချက်ထုတ်တာပြီး ခုလိုတားမြစ်တာဟာ နိုင်ငံရေးကြောင့် တစ်စိတ်တစ်ပိုင်းပါဝင်နေတယ်လို့ ဆိုပါတယ်။ TikTok ရဲ့ဥရောပဆိုင်ရာတာဝန််ခံကတော့ ဆုံးဖြတ်ချက်တွေကို အချက်အလက်တွေအရ ဆုံးဖြတ်တာမဟုတ်ပဲ စိုးရိမ်စိတ်နဲ့ ချမှတ်နေတယ်လို့ အစိုးရကိုဝေဖန်ထားပါတယ်။

UK ဝန််ကြီးကိုယ်တိုင်ကတော့ ပြည်သူတွေကို သုံးဖို့ မသုံးဖို့ မတိုက်တွန်းလိုပဲ Social Media တစ်ခုခုကို မသုံးခင် Privacy & Data Policy တွေကို သေချာဖတ်ကြည့်ပြီးမှ အသုံးပြုဖို့ မှတ်ချက်ပေးထားပါတယ်။ ဒါပေမယ့် UK ကာကွယ်ရေးဝန််ကြီးဌာနကတော့ TikTok မှာ Video တွေတင်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့်် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒေတာတွေကိုတော့ သီးသန့် Server ပေါ်မှာတင်ထားတယ်လို့ ဆိုပါတယ်။

လူတွေအနေနဲ့ စက္ကန့််ပိုင်းစာ Video တွေကိုသာ တစ်ဖြည်းဖြည််းအကြည့်များလာတဲ့အခါ TikTok ဟာ Global Download အသုံးပြုသူ 3.5 Billion ထိရှိလာပါတယ်။ ဒါပေမယ့် တရုတ်အစိုးရကို ဒေတာပြန််ပေးတယ်ဆိုတဲ့ စွပ််စွဲချက်နဲ့ နိုင်ငံတစ်ကာမှာတော့ နိုင်ငံအချို့က သုံးစွဲမှုပိတ်ပင်ထားခြင်းကိုတော့ ခံနေရပါတယ်။

Ref : BBC

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

အားနည်းချက်ဖြစ်နေတဲ့ Pixel Phone Screenshot

Next
Next

Bazel တွေပိုပါးလာမယ့် iPhone 15 Pro Max