အားနည်းချက်ဖြစ်နေတဲ့ Pixel Phone Screenshot

Pixel အနေနဲ့ ဒီလ Security Patch မှာပြင်လိုက်တဲ့ Screenshot ပြဿနာကို ဖွင့်ချလာပါတယ်။ "aCropalypse" လို့နာမည်ပေးထားတဲ့ ဒီအားနည်းချက်ဟာ Screenshot လုပ်ပြီး Pixel ရဲ့ Built-in Markup နဲ့ Crop လုပ်ထားတဲ့ ပုံတွေကနေတစ်ဆင့် နဂို Crop လုပ်မထားတဲ့ ပုံတွေကို ပြန်ယူလို့ရတဲ့ အားနည်းချက်ဖြစ်ပါတယ်။ မမြင်စေချင်လို့ ဖြတ်ထားတဲ့ပုံတွေကို ပြန်ယူလို့ရနေတယ်ဆိုတော့ ပြဿနာက အတော်လေးကြီးပါတယ်။

ဘယ်လောက်ထိပြဿနာရှိလဲဲဆို ဥပမာ ကိုယ်က သူငယ်ချင်းကို ပုံတစ်ခုကိုပို့ပေးဖို့ မမြင်စေချင်တဲ့ အပိုင်းတွေကို Crop၊ တစ်ခုခုနဲ့ဖုံးပြီးပို့လိုက်ပေမယ့် တစ်ခြားဖက်က လက်ခံရရှိသူက နဂိုမမူရင်း ပုံကို Recover လုပ်လို့ရနေတာဖြစ်ပြီး မူရင်းပုံအချက်အလက်တွေကို မြင်နေရတဲ့ပြဿနာပဲဖြစ်ပါတယ်။

နည်းပညာပိုင်းအရ ရှင်းပြထားတာကတော့ ဓာတ်ပုံတစ်ခုကို Markup ထဲထည့်ပြီး Crop လုပ်၊ Edit လုပ်ပြီးတာနဲ့ အသစ်ရလာတဲ့ File ကို Original File Location ထဲမှာပဲ Save လိုက်တာကြောင့် Recover လုပ်လို့ရနေတာဖြစ်ပါတယ်။ ဒီ ပြဿနာကို March Security Patch မှာ "High" လို့သတ်မှတ်ပြီး ပြင်လိုက်တာဖြစ်ပါတယ်။

Ref : 9to5Google

#AkhayarTech


Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

လူ ၁သောင်းလောက် အလုပ်ထပ်ဖြုတ်ဦးမယ့် Amazon

Next
Next

UK အစိုးရဝန်ထမ်းများဖုန်းတွင် TikTok မသုံးရေး UK အစိုးရကန့်သတ်