Bazel တွေပိုပါးလာမယ့် iPhone 15 Pro Max

နာမည်ကြီး Leaker တစ်ယောက်ဖြစ်တဲ့ Ice Universe ကတော့ iPhone 15 Series မှာပိုပါးတဲ့ Bazel တွေပါလာမယ့်အကြောင်းကို ဖော်ပြထားပါတယ်။ iPhone 15 Pro Max အနေနဲ့ Benchmark အသစ်ပါတင်မယ် လို့လည်း ကြားရပါတယ်။

အသစ်ထွက်လာမယ့် iPhone 15 တွေမှာ အနက်ရောင်ဘေးဘောင်တွေဟာ 1.55mm ပဲရှိတော့မှာပါ။ Generation တစ်ဆင့်နိမ့်တဲ့ iPhone 14 Pro Max မှာတော့ 2.17mm ထိဘေးဘောင်တွေထူပါတယ်။ အဲ့တော့အတော်လေး ပါးသွားမယ့်အနေအထားပါပဲ။ လက်ရှိဘေးဘောင်အပါးဆုံးဖုန်းကတော့ Xiaomi 13 ဖြစ်ပြီး 1.81mm ရှိပါတယ်။ Galaxy S23 တွေကတော့ 1.9 mm ဝန်းကျင်တွေပါ။

Dispaly အလယ်က ကျွန်းကတော့ ဒီဇိုင်းနဲနဲပြောင်းပြီး ပိုသေးသွားပါတယ်။ ဒါ့အပြင် ဘေးမှာ Sensor သဘောမျိုး တစ်ခုလည်းအပိုပါလာပြီး ဘာအတွက်ဆိုတာတော့မသိနိုင်သေးပါဘူး။ 15 မှာတော့ base model တွေမှာပါ Dynamic island ပါဝင်လာပြီဖြစ်ပြီး Pro Motion ဖြစ်တဲ့ Screen Refresh Rate ကတော့ Base Model တွေမှာ 60Hz ပဲရှိပါဦးမယ်။

ဒါ့အပြင် အားလုံးမျှော်နေကြတဲ့ USB-C လည်းပါဝင်လာတော့မှာဖြစ်လို့ စောင့်မျှော်နေသူတွေ ရှိကြလားဗျာ??

Ref : GSMArena

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

UK အစိုးရဝန်ထမ်းများဖုန်းတွင် TikTok မသုံးရေး UK အစိုးရကန့်သတ်

Next
Next

Galaxy S23 Ultra က ၂၀၂၃ ရဲ့ Gaming Beast လား?