UK မှာအွန်လိုင်းငွေလိမ်လည်မှု ဘယ်လောက်ထိဆိုးနေလဲ
၂၀၂၂ ခုနှစ်အတွင်း UK လိုဖွံ့ဖြိုးပြီးသားနိုင်ငံမှာတောင် လိုင်းပေါ်ကနေ ငွေလိမ်မှုကြောင့်ပေါင် ၁.၂ သန်းလောက် ပါသွားခဲ့ပါတယ်။ ဒါဟာ ငွေလိမ်မှုပေါင်း ၃ သန်းရှိခဲ့ပြီး တစ်မိနစ်ကို ပေါင် ၂၃၀၀ နှုန်းလိမ်ခံထိနေတယ်လို့ ဆိုနိုင်ပါတယ်။ UK နိုင်ငံအတွင်း ၂၀၂၁ ခုနှစ်အတွင်း အွန်လိုင်းကနေ ငွေလိမ်မှုတွေဟာ ၂၀၂၂ နဲ့စာရင် ၈ ရာခိုင်နှုန်းပိုများပါတယ်။
အွန်လိုင်းကနေ ငွေလိမ်မှုတွေမှာ ချစ်ကြိုက်တယ်ပြောပြီး ရည်စားဟန်ဆောင် ငွေလွှဲခိုင်းတာတွေ၊ အွန်လိုင်းစတော့ရှယ်ယာလုပ်ငန်းအယောင်ဆောင်ပြီး ရင်းနှီးငွေထည့်ခိုင်းပြီး ငွေလိမ်တာတွေက အများဆုံးလို့ အစိုးရကထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံနည်းတူ ရှယ်ယာထည့်ခိုင်းပြီး အစပိုင်းအမြတ်ငွေပေးပေမယ့် နောက်ပိုင်း သန်းချီလိမ်တာ၊ ဂျပန်ငါးဖမ်းဂိမ်းဆိုပြီး လိမ်တာတွေ အများကြီးပါပဲ။
ဒီလိုငွေလိမ်တာတွေအတွက် တာဝန်ရှိသူတွေကတော့ မူးယစ်ဆေးဂိုဏ်းတွေ၊ အုပ်စုလိုက်ငွေလိမ်သူတွေနဲ့ တစ်ချို့အွန်လိုင်း Celebrity တွေမှာလည်း တာဝန်ရှိတယ်လို့ UK အစိုးရကထုတ်ပြန်ထားပါတယ်။ နိုင်ငံခြားဖုန်း Call တွေနဲ့ငွေလိမ်တဲ့အမှုတွေကိုလည်း တားဆီးဖို့အတွက် နိုင်ငံခြားဖုန်း Call တွေကိုလည်း UK အစိုးရက စစ်ဆေးတာတွေပြုလုပ်နေပါတယ်။ AI ကြောင့်ဖြစ်လာနိုင်တဲ့ ငွေလိမ်မှုတွေကိုလည်း ကြိုတွက်ထားရမယ်လို့ အစိုးရကပဲ ထုတ်ပြန်ထားပါသေးတယ်။
UK မှာ AI ပတ်သတ်လို့ တားမြစ်ချက်တွေ၊ သတိပေချက်တွေထုတ်ဖို့ပြင်ဆင်နေသလို ဖုန်းတွေကတစ်ဆင့် ငွေလိမ်မှုတွေလျော့ကျဖို့လည်း ကြိုးစားနေပါတယ်။
Ref : BBC Tech
#Akhayartech