Next Level YouTub View ရအောင်လုပ်နည်း

YouTube မှာ Views ရအောင် အကုန်လုပ်နေကြတဲ့သူတွေထဲမှာ ခုဆိုရင် မြန်မာနိုင်ငံက လူတွေလည်း အတော်များလာပါတယ်။ Source မသေချာပဲ Clickbait လုပ်ဖို့အတွက် Google က ဓာတ်ပုံတွေကို သုံးပြီးနောက်ခံစကားပြောနဲ့ View သိန်းချီရနေတဲ့ Fake News Channel တွေအများကြီးပါ။ နိုင်ငံခြားမှာလည်း View ရဖို့အတွက် လုပ်သင့်မလုပ်သင့် မစဥ်းစားပဲ View တစ်ခုတည်းအတွက် Vlog လုပ်ရင်း Ban ခံထိတာမျိုးလည်း ဒုနဲ့ဒေး ရှိပါတယ်။ (Logan Paul ဥပမာ)

ခုလည်း US နိုင်ငံသားတစ်ယောက်ဟာဖြစ်တဲ့ Trevor Jacob ဆိုသူဟာ Sponspor YouTube Video တစ်ခုကိုရိုက်ကူးဖို့လက်ခံထားခဲ့ပြီးနောက် လေယာဥ်ပျက်ကျသွားကြောင်းကို YouTube မှာတင်ခဲ့တာမှာ View 2 သန်းကျော်ရခဲ့ပါတယ်။

နောက်ပိုင်း စုံစမ်းရေးတွေပြုလုပ်ခဲ့တဲ့အခါမှာတော့ Jacob အနေနဲ့ အစကတည်းက လေယာဥ်ကို အန္တရာယ်ကင်းကင်းမောင်းဖို့ အစီအစဥ်မရှိပဲ ရည်ရွယ်ချက်ရှိရှိပျက်ကျအောင် ပြုလုပ်ခဲ့ကြောင်းသိခဲ့ရပါတယ်။ သူရဲ့ Viewer ထဲကတစ်ချို့က လေယာဥ်မောင်းသူအနေနဲ့ လေထီးကိုအသင့်ဝတ်ထားခဲ့သလို၊ လေယာဥ်ကိုအန္တရာယ်ကင်းကင်းဆင်းသက်ဖို့ မကြိုးစားပဲ ခုန်ဆင်းသွားခဲ့တယ်လို့ မှတ်ချက်ပေးသူတွေလည်းရှိပါတယ်။

YouTuber Trevor Jacob အနေနဲ့ လာမယ့်အပတ်ထဲမှာ တရားရုံးတက်ရမှာဖြစ်ပြီး​ ထောင်ဒဏ်အနှစ် ၂၀ ထိကျခံသွားရဖွယ်ရှိတယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။

Ref : BBC

#Akhayartech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Tesla ကားတွေအတွက် Chips တွေထုတ်ပေးသွားမယ့် Samsung

Next
Next

UK မှာအွန်လိုင်းငွေလိမ်လည်မှု ဘယ်လောက်ထိဆိုးနေလဲ