2022 မှာ Apple ရဲ့ Ecosystem ကိုအမှီလိုက်နိုင်မဲ့ Software တွေကို Google မိတ်ဆက်

Google အနေနဲ့ CES 2022 မှာ 13 မျိုးထက်မနည်းတဲ့ Software feature တွေကို မိတ်ဆက်သွားဖို့ရှိပါတယ်။ Air-pods လိုမျိုး Apple Device တစ်ခုနဲ့တစ်ခုကြားမှာအလွယ်တကူကူးပြောင်းနိုင်တဲ့ Feature လိုမျိုးပါ။ Google ကတော့ Android ပေါ်က Text app တွေကို Chromebook ပေါ်မှာ mirror လုပ်နိုင်မဲ့ Feature ကိုမိတ်ဆက်မယ်လို့လည်းသိရပါတယ်။ Google က‌တော့ သူ့ရဲ့ Ecosystem ကို Better Together လို့နာမည်ပေးထားပေမဲ့ Apple Ecosystem ကို အမှီလိုက်ဖို့ပါပဲ။

နောက်ပြီး Wear OS 3 မှာ Android ဖုန်းတွေနဲ့ Google Chormbooks တွေကို Smartwatches တွေနဲ့ Unlock ဖွင့်နိုင်တော့မှာပါ။ Apple Watch နဲ့ iPhone တွေကို Unlock လုပ်သလိုမျိုးပါ။ လာမဲ့လမှာ စသုံးနိုင်တော့မှာပါ။ ဒီ Feature တွေထွက်လာတဲ့အခါမှာ Watch OS 3 Run ထားတဲ့ Smartwatch တွေများများစားစားရှိနေဖို့ပဲလိုပါတယ်။လော‌လောဆယ်တော့ Watch OS 3 ကိုအဓိက Run နေတဲ့ Smartwatch ကတော့ Galaxy watch 4 ပါ။

Android Headphone တွေအနေနဲ့လည်း Auto switching နဲ့ Head trucking Spatial audio တွေ ပါပါလာတော့မှာပါ။ ဒါဟာ Apple ကနှစ်နှစ်လောက် ကြိုလုပ်ပြီးမှ Android ကလိုက်လုပ်နိုင်မှာပါ။ Nearby Share ကလည်းနောက်ဆို Apple က AirDrop လိုမျိုး Android မှာ Default ဖြစ်လာတော့မှာပါ။ဒါတွေအကုန်လုံးဟာ ဒီနှစ် ကုန်ခါနီးလောက်မှာ Android ဖုန်းတွေပေါ်ကို ရောက်ရှိလာနိုင်ပါတယ်။

Author: Hein Htet
Ref: theverge

Previous
Previous

iPhone ကို Steve jobs မိတ်ဆက်ခဲ့တာ 15 နှစ်ပြည့်ခဲ့ပြီ။

Next
Next

CES 2022 မှာ VISION-S ရဲ့ SUV version ကို Sony ထုတ်ဖော်ပြသ