iPhone ကို Steve jobs မိတ်ဆက်ခဲ့တာ 15 နှစ်ပြည့်ခဲ့ပြီ။

လွန်ခဲ့တဲ့ 15 နှစ် January 9 ရက်နေ့မှာဒီနေ့ခေတ်လူတွေစမတ်ဖုန်းသုံးစွဲပုံကိုပြောင်းလဲစေခဲ့တဲ့ iPhone ကို Steve jobs မိတ်ဆက်ခဲ့တာ 15 နှစ်ပြည့်ခဲ့ပါပြီ။ Steve jobs မိတ်ဆက်ခဲ့တဲ့ Original iPhone မှာ 3.5 inches display, Home Button နဲ့တော်တော်လေး unique ဖြစ်ခဲ့ပါတယ်။ ဖုန်းသေးသေးလေးထဲမှာ 2 MP camera, Samsung chipset နဲ့ Bezel အကြီးကြီးတွေပါဝင်ခဲ့ပါတယ်။

အဲ့ခေတ်တုန်းက Smartphone တွေဟာ ကန့်သတ်ချက်တွေအများကြီးရှိခဲ့ပါတယ်။ဘာလို့လဲဆိုတော့ Keyboard တွေ Stylus တွေနဲ့ ဖုန်းတွေရဲ့လုပ်ကိုင်နိုင်စွမ်းဟာ အကန့်အသတ်နဲ့သာရှိခဲ့ပါတယ်။ iPhone နဲ့တခြားဖုန်းတွေနဲ့အဓိကကွာခြားချက်ကတော့ Physical keyboards တွေကိုအားကိုးမဲ့အစား Display အကျယ်ကြီးမှာ Multitouch ကိုအသုံးချလိုက်တာပါပဲ။အဲ့ခေတ်တုန်းကလူတစ်ယောက်ကို ဘယ်လိုဖုန်းမျိုးလိုချင်လဲလို့မေးလိုက်မယ်ဆိုရင် Original iPhone လိုမျိုးဘယ်သူမှ Display အကြီးကြီးနဲ့ လိုချင်တယ်လို့ဘယ်သူမှပြောမှာမဟုတ်ပါဘူး။ Steve jobs ကလူတွေရဲ့အကြိုက်ကိုလိုက်ခဲ့တာထက် လူတွေဘယ်လိုမျိုးကိုကြိုက်သင့်သလဲဆိုတာကို ချပြသွားတာပဲဖြစ်ပါတယ်။

Steve jobs original iPhone ကိုမိတ်ဆက်သွားတုန်းက “ဒီနေ့ Apple က Phone ကိုပြန်လည်တီထွင်တော့မှာဖြစ်ပါတယ်” ဆိုတဲ့နာမည်ကျော်စကားနဲ့ မိတ်ဆက်သွားတာဖြစ်ပါတယ်။ Steve jobs Apple မှာထားခဲ့တဲ့အမွေတွေကဒီနေ့ Apple ဆိုတဲ့ 3 trillion ကုမ္ပဏီဖြစ်လာတာပါ။”

Apple ရဲ့ Software နဲ့ Hardware ပေါင်းစပ်မှုကိုဒီနေ့အချိန်ထိ ဘယ်ကုမ္ပဏီကမှ လိုက်မမှီသေးပါဘူး။ အဲ့တာကြောင့်လည်း Apple က ကမ္ဘာတစ်ဝှမ်း မှာဒီနေ့အချိန်ထိလူတိုင်းရဲ့ အကြိုက်ဆုံးဖြစ်နေတာပါ။ လွန်ခဲ့တဲ့ 15 နှစ်က မိတ်ဆက်ခဲ့တဲ့ iPhone ပေါ်ကို လုပ်ဆောင်ချက်အသစ်တွေထပ်ထပ်တိုးရင်း နဲ့ပဲလူကြိုက်များအောင်ဆွဲဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

နောက်ထွက်လာမဲ့ iPhone အသစ်မှာတော့ Punch hole display , A16 chipset , satellite phone call feature တွေပါလာမယ်လို့ခန့်မှန်းရပါတယ်။

Author: Hein Htet

Ref: Macrumors  

Previous
Previous

iMessage ကို Android အတွက်ထုတ်ပေးစေလိုတာမဟုတ်တဲ့အကြောင်း ပြန်ရှင်းပြတဲ့ Google SVP

Next
Next

2022 မှာ Apple ရဲ့ Ecosystem ကိုအမှီလိုက်နိုင်မဲ့ Software တွေကို Google မိတ်ဆက်