CES 2022 မှာ VISION-S ရဲ့ SUV version ကို Sony ထုတ်ဖော်ပြသ

Sony ဟာ 2020 မှာပြသခဲ့တဲ့ Sony VISION-S နဲ့အတူ ဒုတိယမြောက် SUV အမျိုးအစား prototype ကိုပါ ထုတ်ဖော်ပြသသွားပါတယ်။ ဒါ့အပြင် Sony Mobility Inc, ဆိုတဲ့ company အသစ်ကိုတည်ထောင်ကြောင်းကိုပါကြေငြာသွားပြီး ဒီ company ဟာ electric car ထုတ်လုပ်မှုတွေကို အာရုံစိုက်လုပ်ကိုင်သွားမှာဖြစ်ပါတယ်။  

source; sony

ဒီ EV ၂စီးအတွက် demo video တွေကို Sony ကတင်ပေးထားပြီးဖြစ်ပြီး ဒီ EV တွေတစိတ်တပိုင်းအနေနဲ့ပါဝင်မယ့် အနာဂတ်ကို ပုံဖော်ထားပါတယ်။  

မားကျယ်ပြန့်တဲ့ display ရဲ့ UX ကိုလဲပြသသွားပြီး destination, route, music စတာတွေကို voice command နဲ့ search လုပ်လို့ရမှာဖြစ်ပါတယ်။ ပိုမိုက်တာကတော့ display ရဲ့ theme အပြင် car ရဲ့ acceleration နဲ့deacceleration ရဲ့အသံကိုပါစိတ်ကြိုက်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။  

ကားတစ်စီးလုံး ToF, Ultra sonic နဲ့ LiDar sensor ပေါင်းအလုံး ၄၀ထိ ပါပြီး auto parking နဲ့ lane changing စတာတွေကိုလုပ်ဆောင်ပေးမှာဖြစ်ပြီး high speed ဖြစ်တဲ့ 300m ထိအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။  

Seat တစ်ခုချင်းစီအတွက် 360 3D sound system ကိုပါဖန်တီးပေးထားပေးပါတယ်။  

ဒါ့အပြင် Tokyo ကနေ Germany ကို 5G network နဲ့ချိတ်ပြီး real time remote driving လုပ်ပြတဲ့ footage ကိုလဲပြသွားပါသေးတယ်။

Sony အနေနဲ့ကတော့ commercial release အတွက်နည်းလမ်းတွေကိုရှာဖွေနေတယ်လို့ဆိုထားပါတယ်။ ဒါပေမယ့် အခုချိန်ဟာ global chip shortage ကြောင့် car company တော်တော်များများ ရုန်းကန်နေရတာဖြစ်တဲ့အတွက် supplier တစ်စီးလုံးပဲကိုယ်တိုင်ထုတ်မလားအခြား EV ထုတ်ချင်တဲ့ smartphone company တွေအတွက်ပဲ supplier လုပ်မလားဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Previous
Previous

2022 မှာ Apple ရဲ့ Ecosystem ကိုအမှီလိုက်နိုင်မဲ့ Software တွေကို Google မိတ်ဆက်

Next
Next

Intel မှ 12th Gen Alder Lake chipset တွေကို CES 2022 မှာမိတ်ဆက်