Nokia ရဲ့ မူပိုင်ခွင့်ကို ချိုးဖောက်မှုကြောင့် OPPO နဲ့ OnePlus ရဲ့ 4G ၊ 5G စမတ်ဖုန်းတွေ ဂျာမနီမှာ ရောင်းချခွင့်ပိတ်ပင်ခံရ

Nokia က မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ OPPO နဲ့ OnePlus ကို ဂျာမနီနိုင်ငံမှာ တရားဆွဲဆိုခဲ့ပြီး ယခုနှစ် ဇူလိုင်လမှာ ဂျာမနီနိုင်ငံ Mannheim ခရိုင်တရားရုံးက အဆိုပါစမတ်ဖုန်းတွေမှာ Nokia ရဲ့ 4G၊ 5G နည်းပညာတွေကို တရားဝင်လိုင်စင်မရှိပဲ အသုံးပြုထားကြောင်း တွေ့ရှိခဲ့တာကြောင့် Nokia က အနိုင်ရရှိခဲ့ပါတယ်။ အကျိုးဆက်ကတော့ တရုတ်ကုမ္ပဏီကြီးဖြစ်တစ်ခုတဲ့ BKK electronics အောက်က OPPO နဲ့ OnePlus တို့ရဲ့ 4G ၊ 5G စမတ်ဖုန်းတွေကို ဂျာမနီနိုင်ငံမှာ ရောင်းချခွင့် ပိတ်ပင်ခံလိုက်ရပြီဖြစ်ပါတယ်။ 

Finland နိုင်ငံအခြေစိုက် Nokia ဟာ 5G နည်းပညာနဲ့ပတ်သက်ပြီး မူပိုင်ခွင့်ပေါင်းများစွာ ကိုင်ဆောင်ထားသူဖြစ်ပါတယ်။ ဒီမူပိုင်ခွင့်တွေဟာ တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူတွေအတွက်တော့ ခေါင်းကိုက်စရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ Nokia နဲ့ BKK electronics တို့က မူပိုင်ခွင့်သဘောတူညီမှု စာချုပ်ကို 2018 ခုနှစ်မှာ ချုပ်ဆိုခဲ့ပြီး 2021 ခုနှစ်မှာတော့ စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့ပါတယ်။ အဲဒီနောက်မှာ BKK electronics အနေနဲ့ ကိုယ်ပိုင်နည်းပညာတစ်ခုကို ထုတ်ရင်ထုတ်၊ မထုတ်နိုင်ရင် Nokia နဲ့ စာချုပ်သက်တမ်းတိုး (သို့) စာချုပ်အသစ်ပြန်လည်ချုပ်ဆိုတာမျိုး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ 

ဂျာမနီနိုင်ငံတရားခွင်မှာ အနိုင်ရပြီးနောက် နောက်တစ်ဆင့်အနေနဲ့ Nokia က သြစတေးလျမှာပါ သူတို့ရဲ့ 4G ၊ 5G နည်းပညာနဲ့ပက်သတ်ပြီး SEP (Service Enable Platform) မူပိုင်ခွင့်ကို ချိုးဖောက်မှုနဲ့ OPPO နဲ့ OnePlus ကို တရားစွဲဆိုထားပါတယ်။ ဥရောပနိုင်ငံတစ်ချို့နဲ့ အာရှနိုင်ငံတချို့မှာလည်း ဆက်လက်တရားစွဲဆိုမှုတွေ ရှိနေပါတယ်။ 

Nokia ဟာ Lenovo ၊ Samsung ၊ Xiaomi ၊ Apple ၊ LG နဲ့ Blackberry အစရှိတဲ့ စမတ်ဖုန်းကုမ္ပဏီတွေနဲ့လည်း နည်းပညာအသုံးပြုမှုဆိုင်ရာ လိုင်စင်သဘောတူစာချုပ်တွေ ချုပ်ဆိုထားပါတယ်။

Ref: GSMarena, Firstpost 

Previous
Previous

XR Design အတိုင်းထွက်လာနိုင်တဲ့ iPhone SE 4

Next
Next

Rollable ဖုန်း Concept ထုတ်ပြထားတဲ့ Motorola