Rollable ဖုန်း Concept ထုတ်ပြထားတဲ့ Motorola
ခေါက်ဖုန်းတွေ၊ လှန်ဖုန်းတွေ ပေါနေတဲ့ချိန်မှာ ရှည်ထွက်လာတဲ့ဖုန်းဆိုရင် စိတ်ဝင်စားကြမလား?? Motorola ဖုန်းကုမ္ပဏီက ဖုန်းရဲ့ အပေါ်ပိုင်းကို Rollable လုပ်ပြီး ရှည်ထွက်လာအောင် လုပ်နိုင်တဲ့ Concept တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ နဂိုဖုန်းရဲ့ Screen က 5" ပဲရှိပေမယ့် Exetend လုပ်လိုက်တဲ့အခါ 6.5" ရှိလာမှာဖြစ်ပါတယ်။ ဒါဟာ ဖုန်းလောကရဲ့ Fold ဖုန်းတေ၊ Flip ဖုန်းတွေပြီးရင် Roll ဖုန်းတွေထွက်လာမလား ရင်ခုန်စရာပါပဲ။
vieo
Motorola အနေနဲ့ Rollable ဖုန်းကို Lenovo Tech World 2022 မှာ မိတ်ဆက်ခဲ့ပါတယ်။ တစ်ခြား Brand တွေမှာ Rollable ဆိုရင် ဘေးဖက်က ထွက်လာတာဖြစ်ပြီး Motorola ကတော့ ထူးထူးခြားခြား အပေါ်ဖက်ကနေ ရှည်ထွက်လာတာဖြစ်ပါတယ်။ တစ်ခြား Brand တွေအနေနဲ့ နဂိုဖုန်းSize ကို Extend လုပ်လိုက်တဲ့အခါ Tablet Size ဖြစ်သွားပေမယ့် Motorola Rollable ကတော့ Compact Size ကို Extend လုပ်လိုက်တဲ့အခါ Phone Size ကြီးတစ်ခုကိုပဲ ပြောင်းသွားလို့ Compact Rollable ချစ်သူတွေ ရွေးချယ်စရာဖြစ်လာမလား စောင့်ကြည့်ရပါမယ်။
Ref : Android Authority