XR Design အတိုင်းထွက်လာနိုင်တဲ့ iPhone SE 4

iPhone SE 4 အနေနဲ့ iPhone XR ပုံစံအတိုင်း Notch ပါဝင်တဲ့ Design ထွက်လာနိုင်တယ်လို့ အတော်လေးငြင်းခုန်ခဲ့ကြပြီးတဲ့နောက် Render ပုံတွေထွက်လာတဲ့အခါမှာတော့ တစ်ကယ်ကို XR ပုံတွေအတိုင်းဖြစ်လာတာဖြစ်ပါတယ်။ ဒီပုံတွေကို Leakster တစ်ယောက်က Leak လုပ်လာတာပါ။

SE series တွေထုံးစံအတိုင်း Normal Lineup ရဲ့ နှစ်အနည်းငယ်ကို ပြန်ဆုတ်ပြီး Design ထွက်တာပါ။ ဒီတော့ XR အတိုင်းထုတ်မယ်ဆိုတော့လည်း Deja Vu ပြန်ရသလိုပါပဲ။ Notch လည်းပြန်ရမယ်။ XR တုန်းကလိုပဲ အကြီးကြီးလည်းဖြစ်မယ်ဆိုတော့ Old School ကြိုက်သူတွေအတွက် စောင့်ကြည့်ရပါမယ်။ Physical Fingerprint ကြီးမှ ကြိုက်တယ်ဆိုတဲ့သူတွေကတော့ စိတ်မကောင်းစွာပဲ အရင်တုန်းက model တွေပြန်ရှာရမယ့် အကွက်ပါပဲ။

ကင်မရာ Design ကတော့ ဘာမှမထူးပါဘူး။ အရင် XR အတိုင်းပါပဲ။ တစ်ခုရှိတာကတော့ အရောင်တွေကတော့ XRထပ်ပိုတဲ့ အရောင်အသစ်တွေပါဝင်မယ်လို့ သိရပါတယ်။ Midnight, Starlight နဲ့ Product(RED) ဆိုပြီးထွက်လာနိုင်လို့ iPad 10th Gen ဝယ်မယ့်သူတွေ ဖုန်းနဲ့ iPad အရောင် Oneset ကိုင်ချင်တယ်ဆိုရင် ကွက်တိပါပဲ။

XR နဲ့မတူပဲ Upgrade လုပ်လာနိုင်မယ့်ဟာ တစ်ခုကတော့ Hardware ပါပဲ။ အရင် XR တုန်းက A12 သုံးပေးခဲ့ပါတယ်။ လောလောဆယ် SE 2022 မှာတော့ A15 ကိုသုံးထားပေးပါတယ်။ A16 ကိုသုံးရအောင်ကလည်း SE မော်ဒယ်ဖြစ်တာကြောင့် SE 2022 ထပ်ပိုကောင်းအောင်ဆိုရင် A15 ကို 5 Core GPU Version ထည့်ပေးမယ်လို့ မျှော်လင့်ရပါတယ်။

ကျန်တာတွေကတော့ Battery Capacity, Ram, Charging speed တွေတော့ အနည်းငယ် Upgrade မြင်ရဖို့ရှိပါမယ်။ ထူးခြားတာတစ်ခုကတော့ Lighting Port အစား USB-C သုံးပေးလာနိုင်တာပါ။ ဒါပေမယ့် ဒီနှစ် SE 4 အနေနဲ့ နဂိုစီစဥ်ထားတဲ့ Deadline ကိုစောထွက်လာမှာမို့ နောက်ဆုံးအကြိမ်အနေနဲ့ Lighting Port ပဲသုံးမလားဆိုတာ စိုးရိမ်စရာတစ်ခုတော့ကျန်နေပါသေးတယ်။ မိတ်ဆွေတို့ရော SE 4 ကိုစောင့်နေကြသူတွေရှိလားဗျ?

Ref : Gsmarena


Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

iPhone 14 Pro ထက် ဈေးများတဲ့ iPhone first gen

Next
Next

Nokia ရဲ့ မူပိုင်ခွင့်ကို ချိုးဖောက်မှုကြောင့် OPPO နဲ့ OnePlus ရဲ့ 4G ၊ 5G စမတ်ဖုန်းတွေ ဂျာမနီမှာ ရောင်းချခွင့်ပိတ်ပင်ခံရ