Apple ရဲ့ VR headset အကြောင်းသိထားသမျှ

2022 ခုနှစ်မှာ Apple က VR နယ်ပယ်ထဲကိုခြေစုံပစ်၀င်လာတော့မှာပါ။ ဒီနှစ်မှာ ဇူဇူက metaverse ကိုစဖို့ကြွေးကြော်လိုက်ပြီးနောက် Apple ကလဲသူတို့ရဲ့ VR/AR headset ကို 2022 ရဲ့ Q4 မှာစတင်မိတ်ဆက်လာတော့မယ်လို့ သတင်းတွေထွက်လာပါပြီ။ iPhone event သို့မဟုတ် Mac event မှာမိတ်ဆက်လာနိုင်ပါတယ်။ 

Apple ရဲ့သတင်းတွေကိုအမြဲတိတိကျကျ leak တတ်တဲ့ Ming-Chi Kuo ရဲ့‌ပြောကြားချက်တွေအရတော့ Apple ရဲ့ VR headset ဟာ တော်တော်လေးပေါ့ပါးမှာဖြစ်ပြီးအလေးချိန်က 300g နဲ့ 400g ကြားမှာသာရှိမယ်လို့ဆိုပါတယ်။ iPhone, iPad တို့နဲ့ချိတ်ဆက်ပြီးသုံးစရာမလိုတဲ့ standalone device အဖြစ်ဖန်တီးလာမှာဖြစ်ပြီး Apple ရဲ့ handheld device တွေကိုအစားထိုးဖို့ ၁၀နှစ်တာ plan အတွက်အရေးကြီးတဲ့ device ဖြစ်လာမှာပါ။ 

Processing ပိုင်းမှာလဲ M1 level ရှိတဲ့ chipset ကိုအသုံးပြုလာမှာဖြစ်ပြီး sensor တွေအတွက်လဲ chipset တစ်ခုထပ်ပါမှာပါ။ Display ပိုင်းအတွက် Sony ရဲ့ 4K OLED microdisplays နဲ့ processor unit တွေကိုအသုံးပြုလာမှာပါ။

ဒါတွေဟာ Apple ရဲ့ VR headset မှာပါလာမယ့် specs တွေဖြစ်ပြီး Apple ကပိုပေါ့ပါးတဲ့ ဒုတိယမြောက် Prototype ကိုတောင်ထပ်လုပ်နေပြီလို့သိရတဲ့အတွက် နောက်နှစ်မှာမြင်ရဖို့တော်တော်လေးကိုနီးစပ်နေပြီဖြစ်ပါတယ်။ စျေးကတော့ $1000- $3000 ကြားရှိမယ်လို့ခန့်မှန်းရပါတယ်။ 

Ref; appleinsider

Previous
Previous

Xiaomi ကကိုယ်ပိုင် battery အသစ်ကိုမိတ်ဆက်

Next
Next

ပထမဆုံး Foldable ဖုန်း Find N ကိုပြသလိုက်တဲ့ OPPO