ပထမဆုံး Foldable ဖုန်း Find N ကိုပြသလိုက်တဲ့ OPPO

OPPO ကတော့ သူတို့ကုမ္ပဏိရဲ့ပထမဆုံး Foldable ဖုန်းဖြစ်တဲ့ Find N ကို OPPO ရဲ့ Website ကနေတစ်ဆင့်ချပြလိုက်ပါတယ်။ ဒီဖုန်းကိုတော့နောက်အပတ် ဒီဇင်ဘာ 15 ရက်နေ့ OPPO ရဲ့ Inno day နှစ်ပတ်လည်မှာ တရားဝင်မိတ်ဆက်မှာဖြစ်ပါတယ်။

အခု Website ပေါ်မှာပြသထားကတော့ Specification တွေမဖော်ပြထားပေမဲ့ Twitter မှာတင်ထားတဲ့ Video အတိုလေးအရတော့ ခေါက်ဖုန်းရဲ့ပုံစံက Samsung ရဲ့ Galaxy Z Fold နဲ့ဒီဇိုင်းခပ်ဆင်ဆင်လေးပါပဲ။အတွင်းဘက်မှာ ခေါက်ချိုးနိုင်တဲ့ မျက်နှာပြင်အကြီးကြီးကိုထည့်သွင်းထားပြီး အပြင်ဘက်မှာတော့သာမန်ဖုန်းတွေလိုမျိုးသုံးနိုင်တဲ့ screen တစ်ခုပါဝင်ပါတယ်။စိတ်ဝင်စားစရာကောင်းတာတစ်ခုက ပြထားတဲ့ Video မှာ အပြင်ဘက် က Screen ရဲ့ အရွယ်အစားက သာမန်မျက်နှာပြင်အပြည့်ဖုန်းတွေရဲ့ Screen size နဲ့တူနေတာပဲဖြစ်ပါတယ်။ Video ထဲကအတိုင်းဆိုရင်တော့ Z Fold 3 ရဲ့အပြင် screen size ထက်ပိုကြီးမဲ့အနေအထားမှာရှိပါတယ်။

OPPO ကတော့ နှစ်ပတ်လည် Inno Day ရဲ့ ဒုတိယရက်မှာ Find N ကိုမိတ်ဆက်ဖို့ရည်ရွယ်ထားပါတယ်။ OPPO ကတော့ ဒီအခမ်းအနားတွေမှာ OPPO ရဲ့ Rollable phone တွေနဲ့ OPPO X 2021 တို့လို Concept နည်းပညာတွေကိုမိတ်ဆက်ခဲ့ပါသေးတယ်။

Ref: the Verge , OPPO

Previous
Previous

Apple ရဲ့ VR headset အကြောင်းသိထားသမျှ

Next
Next

ဒီအပတ်ထဲမှာ tease သမျှ leak သမျှ Smartphone တွေရဲ့ သတင်းများ