Twitter နဲ့ Elon Musk တို့ဖြစ်တဲ့ ပြဿနာကို Tweet မလုပ်ဖို့ Twitter ဝန်ထမ်းတွေ သတိပေးထားခံရ

Twitter ကိုဝယ်ဖို့ ကတိတည်ထားတဲ့ ကိစ္စပျက်သွားပြီးတဲ့နောက် Elon Musk နဲ့ Twitter တို့ တရားရုံးကနေ တရားအပြန်အလှန် စွဲကြတော့မှာဖြစ်ပါတယ်။ Elon အနေနဲ့ Twitter ကိုဝယ်ဖို့ ဆုံးဖြတ်ထားတဲ့ သဘောတူညီချက်ကို ဖျက်သိမ်းပြီးတဲ့နောက် Twitter မှာတင်ခဲ့ရာ အဆိုပါ Tweet မှာ Twitter ကဝန်ထမ်းတွေ မှတ်ချက်တစ်စုံတစ်ရာ မပေးဖို့ ညွန်ကြားထားခံရပါတယ်။

Twitter ကိုဝယ်ဖို့ပျက်သွားတဲ့ အကြောင်းအရင်းတွေထဲမှာ Elon ရဲ့ တရားရေးအဖွဲ့က ပြောကြားချက်တွေအရ Twitter မှာရှိတဲ့ Bot အရေအတွက်တိတိကျကျကို ဖော်ပြပေးဖို့ပျက်ကွက်တာသို့ ဖော်ပြပေးဖို့ ငြင်းဆန်ခဲ့တဲ့အတွက် အရောင်းအဝယ်ဖျက်တာလို့ ဆိုပါတယ်။

ဒီအရောင်းအဝယ်ဖျက်သိမ်းကြောင်း ကြေငြာပြီးမကြာခင် Twitter ကဝန်ထမ်းတွေက လှောင်ပြောင်တဲ့ Tweet တွေ၊ Comment တွေပေးခဲ့တာကြောင့် ခုချိန်မှာ တရားစွဲကြတော့မှာဖြစ်တဲ့အတွက် ဝန်ထမ်းတွေကို စည်းကမ်းတင်းကြပ်တာ ဖြစ်နိုင်ပါတယ်။ Twitter ကအကြီးအကဲတွေအနေနဲ့ မိမိတို့ လက်အောက်က ဝန်ထမ်းတွေကို စိတ်ရှည်သည်းခံပြီး Comment ပေးတာနဲ့ တစ်ခြား အပြုအမူတွေကို ရှောင်ရှားဖို့ စာထုတ်ပြန်ထားတာဖြစ်ပါတယ်။

Twitter ကို Bot ကင်းစင်ပြီး လွတ်လပ်စွာ ပြောဆိုခွင့်ရှိတဲ့ Platform တစ်ခုဖြစ်အောင် ပြုလုပ်သွားဖို့ စိတ်ကူးရှိတဲ့ Elon တစ်ယောက် ခုလို သူလိုချင်တဲ့ အချက်အလက်တွေ မရတဲ့အခါ ပြဿနာတွေထတက်သွားနိုင်ပြီး Elon အနေနဲ့ သူလိုချင်တာကို ပိုက်ဆံအများကြီးပေးရလည်း ဂရုမစိုက်ပဲ လှည့်ထွက်သွားလို့ ရကြောင်း သိရနိုင်ပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

IP Rating ဆိုတာဘာလဲ

Next
Next

နိုင်ငံရပ်ခြားထွက်မယ့် ကျောင်းသူ/သားတွေ သိထားသင့်တဲ့ Website များ