IP Rating ဆိုတာဘာလဲ

ဖုန်းတွေဝယ်တယ်။ Review တွေကြည့်တယ်။ နောက်ပိုင်းမှာ Gadget တွေကအစ IP Rating ဆိုတာမျိုးတွေကြားလာရတော့ အကုန်လုံးက IP Rating ဆိုတာတစ်ကယ်သိကြတာလား။ မသိသေးရင် IP Rating အကြောင်းကို အသေးစိတ်ရေးပေးလိုက်ပါမယ်။

အရင်တုန်းကဖုန်းတွေမှာ IP Rating မပါသလို လျှပ်စစ်ပစ္စည်းအများစုက ရေစိုမခံ၊ ဖုန်ဝင်မခံ အနုစိတ်ပစ္စည်းတွေဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းတီထွင်မှုတွေ ဆန်းသစ်လာတဲ့အခါ ရေစိုခံ၊ ဖုန်ဝင်ခံ အကြမ်းခံတဲ့ လျှပ်စစ်ပစ္စည်းတွေ ပေါ်ပေါ်က်လာခဲ့ပါတယ်။

IP Rating ကိုသပ်မှတ်ရာမှာ Iternational Standard EN 60529 (British Standard BS EN 60529:1992) အရ ပစ္စည်းတွေကို IP Rating သတ်မှတ်ပါတယ်။ IP ရဲ့ အရှည်ကတော့ Ingress Protection ပြင်ပအရာဝင်ရောက်မှု ကာကွယ်နိုင်စွမ်း လို့ မှတ်ယူနိုင်ပါတယ်။ ဒီ Rating မှာ ပြင်ပက ဖုန်၊ ရေ၊ သဲ စတဲ့တစ်ခြား အရာတွေမဝင်နိုင်အောင် ကာကွယ်နိုင်စွမ်းကို တိုင်းတာခြင်းဖြစ်ပါတယ်။

IP Rating ကို သတ်မှတ်ရာမှာ IP နောက်က ဂဏန်း ၂ လုံးနဲ့ သတ်မှတ်ပြီး ဂဏန်းတန်ဖိုးတွေ မြင့်လေလေ ကာကွယ်နိုင်စွမ်း မြင့်လေလေဖြစ်ပါတယ်။ တစ်ခါတစ်လေမှာတော့ သတ်မှတ်နိုင်ခြင်းမရှိတဲ့ အခြေအနေမှာ ဂဏန်းတစ်လုံးကို X နဲ့အစားထိုးလေ့ရှိပါတယ်။

IP နောက်ကလိုက်တဲ့ ပထမဂဏန်းတစ်လုံးက Solids ကိုကိုယ်စားပြုပါတယ်။ Gadget အတွင်းသို့ ဝင်လာနိုင်တဲ့ အစိုင်အခဲကို ကာကွယ်နိုင်စွမ်းကို ကိုယ်စားပြုပါတယ်။ IP 1X နဲ့ IP 6X ဆိုရင် 6 ရှိတဲ့ကောင်ရဲ့ အတွင်းပိုင်းကို ပြင်ပက ဖုန်၊ သဲ နဲ့တစ်ခြား အစိုင်အခဲတွေ ဝင်လာနိုင်ချေနည်းပါတယ်။

IP နောက်လိုက်တဲ့ ဒုတိယဂဏန်းကတော့ Liquid ကိုကိုယ်စားပြုပါတယ်။ Gadget အတွင်းကို အရည်ဝင်လာနိုင်မှုကို ကာကွယ်ပေးနိုင်စွမ်းကို ကိုယ်စားပြုပါတယ်။ အစိုင်အခဲလိုပါပဲ IPX1 နဲ့ IP X6 ဆိုရင် ဂဏန်းများတဲ့ကောင်က ပြင်ပအရည်ဝင်ရောက်မှုကို ကာကွယ်နိုင်စွမ်း ပိုမြင့်ပါတယ်။

လောလောဆယ်မှာ အနိမ့်ဆုံး IP 00 ကနေ IP 69K ထိရှိပြီး အမြင့်ဆုံး IP 69K ဟာ ရေပန်းဒဏ်ကိုပါခံနိုင်ရည်ရှိပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Elon Musk ရဲ့ လျှပ်စစ်ကားရောင်းချနှုန်းကို ကျော်တက်သွားတဲ့ BYD

Next
Next

Twitter နဲ့ Elon Musk တို့ဖြစ်တဲ့ ပြဿနာကို Tweet မလုပ်ဖို့ Twitter ဝန်ထမ်းတွေ သတိပေးထားခံရ